Pages

Saturday, September 1, 2012

မန္တလေးတွင် လ.၀.က သတ်မှတ်ချက်အရ အိန္ဒိယ-ဗမာ များနေ


မန္တလေးမြို့တွင် နေထိုင်သူ အစ္စလာမ်ဘာသာဝင်၊ဟိန္ဒူဘာသာဝင်များအား လူဝင်မှုကြီးကြပ်ရေးရုံးက မှတ်
ပုံတင်အသစ်ပြန် လည်ပြုလုပ်ခိုင်းပြီး၊  အိန္ဒိယ- ဗမာ ဟု သတ်မှတ်ခြင်းများရှိနေကြောင်း မြို့ခံများက ဆို
သည်။

အစ္စလာမ်ဘာသာဝင် ဗမာအမျိုးသမီးတစ်ဦး၏မှတ်ပုံတင်အား လူမျိုးအမည်ပြန်လည်ပြင်ဆင်ပြောင်းလဲရန်
အတွက် မဟာအောင်မြေ လူဝင်မှုကြီးကြပ်ရေးရုံးက မှတ်ပုံတင်အသစ်ပြန်လည် ပြုလုပ်ခိုင်းခဲ့သည်ဟု ကာ
ယကံရှင် မတင်တင်ရီက  ဆိုသည်။

သမီးဖြစ်သူအတွက် မှတ်ပုံတင်သွားရောက်ပြုလုပ်စဉ် ထိုကဲ့သို့ စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမျိုး
သမီးက ပြောကြားခဲ့သည်။

 "
ကျမသမီးအတွက် မှတ်ပုံတင်သွားလုပ်တဲ့အခါ မိဘဖြစ်တဲ့သူက လူမျိုး-ဗမာ၊ ကိုးကွယ်သည့် ဘာသာ- အစ္စလာမ် ဖြစ်နေလို့ လက်သင့်မခံနိုင်ဘူး ၊ ဒါကိုပြန်လည်ပြင်ဆင်ရန် အသစ်ပြန်လျှောက်ပါဆိုပြီး လျှောက်
လွှာတစ်စောင်ကို ဦးစီးမှူးလက်မှတ်ထိုးပြီး လုပ်ခိုင်းလိုက်တယ် ´´ဟု ၎င်းက ပြောကြားသည်။


မတင်တင်ရီသည် ၎င်းအပေါ်ထိုကဲ့သို့ ဆက်ဆံလိုက်ခြင်းအပေါ် ကျေနပ်မှုမရှိကြောင်းနှင့် ၎င်း၏မျိုးရိုးသည် ဗမာလူမျိုးစစ်စစ် များဖြစ်ကြောင်းကို မီဒီယာသမားများနှင့်တွေ့ဆုံပြောကြားခဲ့သည်။

"
အဖိုးက နန်းတွင်း တိုင်းရင်းဆေးသမားတော်ဦးကျော် ၊ အဖွားက စုဖုရားလတ်ရဲ့စာချွန်တော်ဖတ် ဒေါ်
ဖွားနှစ် ၊ ကျမတို့ အမျိုးက နန်းတွင်းကို ခြေကန်မွေးလာကြတာ ၊ ကျမတို့က ဗမာလူမျိုးစစ်စစ်သာ ဖြစ်
တယ် ၊ အခု အိန္ဒိယ- ဗမာလို့ သတ်မှတ် မယ်ဆိုတာတော့ လုံးဝလက်မခံသလို ၊ အိန္ဒိယ နိုင်ငံသား တွေ
လဲမဟုတ်တဲ့အပြင် အဲဒီမှာ မိတ်ဆွေတောင် မရှိဘူး" ဟုသူမက ဆက်လက်ပြော ကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မဟာအေင်မြေ လူဝင်မှုကြီးကြပ်ရေးရုံးသို့ သွားရောက်မေးမြန်းရာ ၊ ကာယ
ကံရှင်ဖြစ်သူများမှ ၎င်းတို့သည် အိန္ဒိယနွယ်ဖွားများဖြစ်ကြောင်းကို ၀န်ခံထွက်ဆိုခဲ့သည်ဟု ဦးစီးမှူး ဖြစ်သူ ဦးတင်မျိုးအောင်က ပြန်လည်ဖြေကြားခဲ့သည်။


''
ကလေးတွေကို လာလုပ်တဲ့အခါကျတော့ သူတို့ကိုယ်တိုင် အိန္ဒိယ- ဗမာပါလို့ဝန်ခံ ထွက်ဆိုချက်တွေ ပေး
တယ်။ ကလေးတွေတောင်မှာ အိန္ဒိယ- ဗမာ  ဖြစ်နေပြီ သူတို့ကိုင်ထားတဲ့ဟာတွေကြတော့ ရှေ့နောက် မ
ညီတော့ဘူးလေ ၊ အဲဒီတော့ ပြန်ထုတ်ပေးဖို့ရာအတွက် ကျနော်တို့က ပြန်လျှောက် ခိုင်းတာ '' ဟု ဦးစီးမှူး
က ပြန်လည်ဖြေကြားခဲ့သည်။


ဆက်လက်ပြီး ၎င်းက ထိုကဲ့သို့ဖြစ်နေရခြင်းမှာ ကိုးဆယ်ခုနှစ်ရွေးကောက်ပွဲပြုလုပ်ခါနီးတွင် တစ်တိုင်းပြည်
လုံး မှတ်ပုံတင်လုပ်ခြင်း ပမာဏများပြား၍ စီစစ်မှုအားနည်းခဲ့သောကြောင့်ဖြစ်ပြီး ၊လက်ရှိလွှတ်တော်တွင် ထိုကိစ္စများကိုဆွေးနွေးသင့်ပြီး အနာဂတ်တွင် တိကျသည့်မူဝါဒများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ကြောင်
ကြောင်း ပြောကြားခဲ့သည်။


ထိုကဲ့သို့ ကာယကံရှင်များက အိန္ဒိယနွယ်ဖွားများအဖြစ် ၀န်ခံထွက်ဆိုခဲ့သည်ဟု ဦးစီးမှူး၏ ပြောကြားချက်
ကို ကာယကံရှင်ဖြစ်သူ မတင်တင်ရီမှ ငြင်းဆိုခဲ့ပြီး ထိုကဲ့သို့ ပြောဆိုခိုင်းခြင်းကြောင့်မှတ်ပုံတင်ဆက်မလုပ်
နိုင်ကြောင်းကိုလည်း သိရသည်။


''
ကျမတို့ အိန္ဒိယနွယ်ဖွားအဖြစ် မ၀န်ခံခဲ့ပါဘူး ၊ အဲဒီလိုဝန်ခံခိုင်းလို့ ကျမတို့လျှောက်လွှာကို ပြန်တောင်းတဲ့ အချိန်ကြတော့ ဦးစီးမှူးလက်မှတ်ပါနေလို့ ပြန်မပေးနိုင်ဘူး ၊ လုပ်ချင်တဲ့အချိန်ပြန်လာခဲ့ပါ မပျေက်စေရပါ
ဘူး ဆိုပြီး သိမ်းထားလိုက်တယ်''  ဟု မတင်တင်ရီမှ ပြောဆိုခဲ့သည်။
 
 အလားတူဖြစ်ရပ်များအား မန္တလေးမြို့တွင်းတွင် ဖြစ်ပျက်မှုများပြားနေပြီး သမီးတော်ဈေး (ပြည်ကျော်ဈေး 
)အနောက်တွင်   နေထိုင်သည့် ပြည်ကြီးပျော်ဘွယ်အနောက်နေ ပုဏ္ဍားလူမျိုးစုအများစုကိုလည်း အိန္ဒိယ
-ဗမာဟု ထည်သွင်းထားကြောင်း ပုဏ္ဍားစုတွင်နေထိုင်သူများက ဆိုသည်။ 


မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment