သြဂုတ်လပိုင်း
အပြီးပြောင်းရွှေ့ပေးခိုင်းသည့် ပြင်ဦးလွင်မြို့၊
စစ်တက္ကသိုလ်နယ်မြေတွင်းရှိ အိမ်ခြေနှစ်ရာ
ကျော် ဒုကျောင်းအုပ်မှ
ရက်ရွှေ့ဆိုင်းပေးခဲ့ကြောင်း သိရသည်။
''ကျောင်းအုပ်က ကလေးတွေရဲ့
ပညာရေးကိုထောက်ထားပြီး အခုသြဂုတ်လမှာ မပြောင်းခိုင်း တော့ပါ
ဘူး။
နွေရာသီကျောင်းပိတ်ရာသီရောက်မှပြောင်းရမှာပါ''ဟု အဆိုပါနယ်မြေတွင်း နေထိုင်သူ တစ်ဦးက
ပြောသည်။
အဆိုပါနေအိမ်များအား
သြဂုတ်လ (၂၆)ရက်နေ့တွင် အပြီးပြောင်းရွှေ့ပေးရမည်ဟု ဇွန်လပိုင်းက
တာဝန်ရှိ
သူများ လာရောက်ပြောဆိုခဲ့ကြောင်း ရွာသားများပြောပြချက်အရ သိရသည်။
စစ်တက္ကသိုလ်နယ်မြေအတွင်းရှိ
အမှိုက်ကျင်းစု ဟုခေါ်သော နေရာရှိနေအိမ် (၁၇၅)အား
ပြောင်းရွှေ့ခိုင်း
ခြင်းဖြစ်ပြီး ၄င်းနေအိမ်များမှာ တစ်အိမ်ထောင်လျှင်
တစ်နှစ်စာ (၂၅ဝဝဝ)ကျပ်စစ်တပ်အားပေးဆောင်ကာ
နေထိုင်ရကြောင်း
ဒေသခံများပြောချက်အရသိရသည်။
အမှိုက်ကျင်းစုတွင်
နေထိုင်ကြသူများမှာ ၁၉၉၇ ခုနှစ်ခန့်မှ
စတင်နေထိုင်ခဲ့ကြကြောင်း၊ရွာသားအများစု လက်လုပ်လက်စား
များသာဖြစ်ကြောင်းသိရှိရသည်။
''အခုလို
သူတို့အတွက်အချိန်ရတော့အဆင်ပြေသွားတာပေါ့၊
သူတို့အတွက်လည်းကျွန်တော်တို့ပြင်ဦးလွင်
မှာ ရှိတဲ့ပရ ဟိတအဖွဲ့တွေ က
နောက်ဒီလိုမဖြစ်အောင် မြေကွက်တွေအစိုးရစီမှာလျှောက်ဖို့ကူးညီပေးသွား
ပါမယ်''ဟု ပြင်ဦးလွင်ဒီချုပ်ပါတီမှကိုအောင်ကျော် ဆန်းကပြောသည်။
၁၉၉၉-၂ဝဝဝ
ခုနှစ်တွင် ပြည်ဦးလွင်မြို့ရှိ စစ်တပ်ပိုင်မြေဖြစ်သော ကန်တော်မင်ရပ်ကွက် နေထိုင်သူများ
အား စစ်တပ်မှ ပြောင်းရွှေ့ခိုင်းခဲ့ပြီး
မိုးကြိုးကွက်သစ်ရပ်ကွက် ပြန်လည်နေရာချ ထားပေးခဲ့ကြောင်း သိရှိ
ရသည်။
မြစ်မခသတင်းမီဒီယာ
0 comments:
Post a Comment