Pages

Saturday, September 1, 2012

ပင်လယ်အပျော်စီးသဘောင်္ကြီးများတွင် အလုပ်ရရှိရန် အာမခံသည့် (၈)လ သင်တန်း


ကြယ်ငါးပွင့်ဟိုတယ်ကြီးများနှင့် ပင်လယ်အပျော်စီးသဘောင်္ကြီးများတွင် အလုပ်ရရှိရန် ရာခိုင်နှုန်းပြည့် အာ
မခံသည့် (၈)လ သင်တန်းအား လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းအား မလေးရှားနိုင်ငံအခြေစိုက် Green City International College တွင် တက်ရောက် သင်ကြားရ  မည်ဖြစ်ပြီး ကျောင်းလခအနေဖြင့် ဗီဇာကြေး၊ နေထိုင်စားသောက်မူစရိတ် အပါဝင် မလေးရှား
ရင်းဂစ် (၁၆၂၃ဝ)ဖြစ်ပြီး သင်တန်းကာလပြီးဆုံးပါက Carnival Cruise Lines, Celebrity Cruises, Holland America Line, Princess Cruises, P & O Cruises, Royal Caribbean Cruise Ltd, Star Cruise နှင့် အခြားနာမည်ကြီး သဘောင်္ကြီးများတွင် အလုပ်လုပ်ကိုင် ခွင့်ရနိုင်မည်ဖြစ်ကြောင်း သိရ
သည်။
 
''တက္ကသိုလ်ဝင်တန်းအာင်မြင်ပြီး အင်္ဂလိပ်စာကျွမ်းကျင်တဲ့မည်သူမဆို လျှောက်ထားနိုင်ပါတယ်။  သင်တန်း
တက်နေတုန်းမှာ ဟိုတယ်ကြီးတွေမှာလဲ အချိန်ပိုင်းအလုပ်ကို တရားဝင်လုပ်လို့ရတယ်။'' ဟု Crown Education မှ ဦးအောင်ကျော်စန်း ကပြောသည်။
 
၎င်း သင်တန်းလျှောက်ထားလိုပါက ရန်ကုန်မြို့၊ မြေနီကုန်းရှိ Crown Education မှတဆင့်လျှောက် ထား
နိုင်ကြောင်း သိရသည်။
 
သင်တန်းတွင် ပထမလေးလပါတ်အနေဖြင့် ပင်လယ်ကူးသဘောင်္ကြီးများတွင် စီမံခန့်ခွဲမှုသင်တန်း (Professional Certificate in Cruise Management)အား စာတွေ့သင်ကြားရ မည်ဖြစ်ပြီးဒုတိယလေး
လပါတ်၌ မလေးရှားနိုင်ငံကွာလာလမ်ပူနှင့် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တို့တွင် လက်တွေ့ သင်ကြားရမည်ဖြစ်
ကြောင်း သိရသည်။
 
''အခုခေတ်မှာအလုပ်တစ်ခုရဖို့ အရမ်းခက်ခဲနေတာ။ ဒီသင်တန်းပြီးတာနဲ့ အလုပ်ရဖို့သေချာတယ် ဆို
တော့ အရမ်းကောင်းတဲ့သင်တန်းဖြစ်မှာပါ'' ဟု အဆင့်မြင့်ဟိုတယ်တစ်ခုမှ ဝန်ထမ်းဖြစ်သူ ကိုသူထင်က
ပြောသည်။
 
သင်တန်းကာလပြီးစီးပါက STCW-95   ( Standards of Training Certification and Watch keeping for Sea Farers) လက်မှတ်နှင့် Cruise Ship Diploma လက်မှတ်များရရှိနိုင်မည်ဖြစ်သည်။
 
''သင်တန်းပြီးရင် အလုပ်ခွင်ဝင်ရမယ်။ အတွေ့အကြုံရလာတဲ့အခါ ကျောင်းဆက်တက်ချင် သေးတယ်ဆိုရင်
ဒီလက်မှတ်နဲ့ မလေးရှား၊ အင်္ဂလန်နိုင်ငံကြီးတွေမှာရှိတဲ့ တက္ကသိုလ်ကြီးများတွင် ဆက်လက်ပညာသင်ကြား
နိုင်မယ့် အခွင့်အလမ်းလဲ ရှိတယ်။'' ဟု  Crown Education မှ ဦးအောင်ကျော်စန်း ကပြောသည်။
 
ထိုသင်တန်းသည် သင်တန်းတက်အလုပ်ရှာနေသူများအတွက်သာ ရည်စူးခြင်းဖြစ်ပြီး Academic ပညာ
ရေးပိုင်းကို အားသာသည့် ကျောင်းသားကျောင်းသူများအတွက် တက်ရောက်ရန် အားမပေး ကြောင်း ၄င်း
က ဆက်လက်အကြုံပြုပြောဆိုသည်။

 Crown Education Center:
 

0 comments:

Post a Comment