တက္ကသိုလ်တက်ရောက်မည့်ကျောင်းသား၊
ကျောင်းသူများအတွက် မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်
ရောက်နိုင်ရန် သီးခြား
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်း အဆိုကို ၂ဝ၁၂ခုနှစ် သြဂုတ်လ ၃ဝရက်နေ့၊
အ
မျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
'' ဆယ်တန်းအောင်ပြီး ကိုယ်ကြိုက်တဲ့
တက္ကသိုလ်တက်နိုင်ဖို့ကို ဆယ်တန်းအမှတ်စာရင်းကို မကြည့်တော့
ဘဲနဲ့
တက္ကသိုလ်ဝင်တန်းစာမေးပွဲထပ်ဖြေဖို့ ဦးနုကအဆိုတင်သွင်းတာပေါ့
ဒီကိစ္စကိုလာမယ့် နှစ်ဆိုရင်
တော့ အကောင်အထည်ဖော်ဖြစ်မယ် ထင်ရတယ်။'' ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်
အောင်က ပြောသည်။
၎င်းအဆိုတင်သွင်းခြင်းအား
ရန်ကုန်တိုင်းဒေသကြီး အမှတ်(၃)အခြေခံပညာရေး၊ ညွှန်ကြားရေးမှူးဟောင်း
ဦးနုမှ တင်သွင်းကာ ပညာရေးဒုဝန်ကြီးမှလည်း လက်ခံသဘောတူခဲ့ပြီး
အခြေအနေပေးပါက ဆွေးနွေးရန် အမျိုးသားလွှတ်တော် နာယကမှ အတည်ပြုပေးခဲ့ကြောင်း သိရှိရသည်။
''လေကြောင်းတို့ ရေကြောင်းတို့ နည်းပညာတက္ကသိုလ်တို့တက်နိုင်ဖို့တော့မှန်းပါတယ်။ ဒါပေမယ့် အမှတ်
မမှီတာတို့ ဘာတို့ဆိုရင် အခွင့်ရေးတစ်ခုအနေနဲ့ဖြေလို့ရတယ်ဆိုတော့ ကောင်းပါတယ်'' ဟု မရမ်းကုန်းမြို့
နယ်မှ ဆယ်တန်း တက်နေသော ကျောင်းသားတစ်ဦးက ပြောသည်။
ကျောင်းသားကျောင်းသူများအနေဖြင့်
ကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်ရောက်နိုင်ရန် သီးသန့်တက္က
သိုလ်ဝင်
တန်းစာမေးပွဲ ထပ်မံဖြေဆိုနိုင်ခြင်းသည် အနာဂတ်လူငယ်များအတွက် ကောင်းမွန်သော
ဘဝဆုံး
ဖြတ်ချက်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်ပါမောက္ခဟောင်းကြီးများမှ
သုံးသပ်ပြောဆိုသည်။
''ဆယ်တန်းအမှတ်စာရင်း နည်းတာလေးတစ်ခုတည်းနဲ့
ကံကြမ္မာကို ပြောင်းလဲလိုက်တာ မဖြစ်သင့်ဘူးပေါ့
နော်။ အခုလို ကိုယ်ကြိုက်တဲ့
တက္ကသိုလ်ကို တက်နိုင်ဖို့ ဝင်ခွင့်စာမေးပွဲထပ်ဖြေခိုင်းမှာကိုတော့
ကြိုဆိုပါ
တယ်။ တကယ့်လူရည်ချွန် လူရည်မွန်လေးတွေ ဖြစ်လာနိုင်ပါတယ် ''ဟု ထားဝယ်တက္ကသိုလ်ပါမောက္ခ
ဟောင်းတစ်ဦးက ပြောသည်။
ပညာထူးချွန်သောကျာင်းသားကျောင်းသူများအနေဖြင့်
ငွေကြေးမတက်နိုင်ခြင်းများကြောင့် နာမည်ကြီး တက္ကသိုလ် တက်ရောက်ရန်
မစဉ်းစားတော့ဘဲ ဆယ်တန်းအောင်ရေးကိုသာ စဉ်းစားဆုံးဖြတ်မှုများရှိလာ
ကြောင်း
ကျောင်းသား မိဘအချို့ထံက သိရှိရသည်။
ဆယ်တန်းအောင်ပြီးသူများ
မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်ရောက်ရေးအတွက် တက္ကသိုလ်ဝင်တန်း
စာမေးပွဲကို
ထပ်မံဖြေဆိုခိုင်းရန် လိုအပ်သောအချက်အလက်များကို
အမျိုးသားလွှတ်တော်အတွင်းတွင် အ
ခြေအနေအချိန်အခါနှင့် စပ်လျဉ်းပြီး
အလျဉ်းသင့်ပါက ဆွေးနွေးသွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
မြစ်မခသတင်းမီဒီယာ
0 comments:
Post a Comment