Pages

Monday, September 3, 2012

ဘူသီးတောင်မြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦးအား ဓါးဖြင့် ခုတ်သူ အဘူကာဆိမ်းအား ရဲက ဖမ်းဆီး

 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဟင်းသီး ဟင်းရွက် ၀ယ်၍ ပြန်လာသူ ရခိုင် အမျိုးသမီးငယ် တစ်ဦးအား ဓါဖြင့် ခုတ်သူဟု စွပ်စွဲခံထားရသူ အဘူကာဆိမ်းဆိုသူအား ရဲက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။ဟုတ်ကဲ့။ အဲဒီအမှုနဲ့ ပတ်သတ်ပြီး အာဘူ ကာဆိမ်းကို ဖမ်းဆီး အမှုဖွင့်ထားပါတယ်။ အခု လောလောဆယ် ၅ယောက်ဖမ်းဆီးထားပါတယ်။ဒါပေမဲ့ခုတ်တာကတယောက်တည်းဖြစ်တဲ့အတွက် သူတစ်ယောက်တည်းကို
ဘဲ ဖမ်းဆီး တရားစွဲဆိုထားပြီး  တခြားသူတွေကိုတော့ သက်သေ အဖြစ် ခေါ်ထားတာ ဖြစ်ပါတယ်။ ဖမ်းလာ တာမဟုတ်ပါဘူး” ဟု ဘူးသီးတောင်ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက ပြောသည်။

အမှုနှင့်ပတ်သတ်ပြီး ဖမ်းဆီးထားသည့် အာဘူကာဆိမ်းမှာ အသက် ၁၉ နှစ်ဖြစ်ပြီး သူနှင့်  တစ်ခြား အပေါင်းအပါ ၅ ဦးတို့အား  ယမန်နေ့က  ကျေးရွာသားများက ၀ိုင်းဝန်း ကူညီ ဖမ်းဆီးပေးခဲ့ကြောင်း အဆိုပါ ရဲဝန်ထမ်းမှ ပြောသည်။

ဓါးခုတ်ခံရသူ အမျိုးသမီးငယ်မှာ ရီရီသန်း ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ အဘ ဦး စံကျော်လှသမီး ဖြစ်သည်။ ဓါးခုတ်ခံရသဖြင့် ဘယ်ဘက်ခြေဖနှောင့် အထက်တွင် ဒဏ်ရာရရှိသွားပြီး ယခုအ ခါ ဘူသီးတောင် ဆေးရုံတွင် ဆေးကုမှု ခံယူနေရ ကြောင်း သိရသည်။

မရီရီသန်းမှာ အစ်ကိုဖြစ်သူ ကျော်သန်းလှိုင်၊ မောင်ဖြစ်သူ ကျော်သန်းဌေးတို့နှင့်အတူ စက်တင်္ဘာလ (၁) ရက်နေ့ကအရာချာ(ခမီး အမျိုးသားကျေးရွာမှ) အပြန်တွင် ယခုကဲ့သို့ ဓါးခုတ်ခံ ရခြင်းဖြစ် ကြောင်း ဖြစ်ပျက် ခဲ့ပုံနှင့်ပတ်သတ်ပြီး ဘူးသီးတောင်မြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

သူတို့က အေရာချ ဆိုတဲ့ ခမီးရွာမှာ ယာတောင်ကထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ၀ယ်ဖို့သွား တယ်။ အဲဒီရွာမှာတညအိပ်ပြီးမနက်ပိုင်းမှာဟင်းသီးဟင်းရွက်တွေနဲ့ဆင်းလာတယ်။အုတ်တောင် ရွာ တောင်ဘက်
ကဘုန်းကြီးကျောင်းဟောင်းနေရာကိုနေ့လည်၁နာရီမိနစ်၂၀ခန့်မှာရောက်ပါတယ်။ အဲဒီ နေရာကို ရောက်
တဲ့အခါ ဘင်္ဂလီ ၂၀ ခန့်နဲ့တွေ့ပါတယ်။ 
 
အဲဒီမှာ ဘင်္ဂလီ လူငယ်တဦးက ရီရီသန်း နောက်က လိုက်လာပါတယ်။ ရှေ့ကသွားနေတဲ့ မောင်ဖြစ်သူနဲ့ နည်းနည်း အလှမ်းဝေးနေ တဲ့အတွက် မောင်ဖြစ်သူကို မှီအောင် အော်ပြီး ပြေးလိုက် တဲ့အခါ လဲကျသွားတယ်။ အဲဒီနေရာမှာ မရီရီသန်းကို ဘင်္ဂလီလူငယ်က ဓါးနဲ့ ခုတ်တာ ဖြစ်ပါတယ်”  ဟု ပြောသည်။

မရီရီသန်းမှာစိုးရိမ်ရသောအခြေအနေတွင်မရှိသော်လည်းခြေထောက်တွင်ဓါးခုတ်ခံရသဖြင့် အချိန်ယူ ဆေး
ကုသရမည်ဟု သိရသည်။

0 comments:

Post a Comment