ABSDF အဖွဲ့ခေါင်းဆောင်များဖြစ်ကြသော ဦးထွန်းအောင်ကျော်၊မိုးသီးဇွန်အပါအ၀င် ကျန် အဖွဲ့ဝင် ၄ဦးတို့က ယနေ့နံနက် ၁၀
နာရီ၊ယုဇနဟိုတယ်တွင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ၁၉၈၈ခုနှစ်အရေးတော်ပုံအပြီး
၂၄ နှစ်အကြာပထမဆုံးအကြိမ် အဖြစ်မြန်မာပြည်သို့ လာရောက်ခဲ့ရခြင်း အကြောင်းရင်းကိုပြောသည်။
တိုင်းရင်းသားတွေနဲ့ တပ်မတော်ဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်သွားပြီး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို ကူညီပေးချင်တာရယ်၊ ပြည်
တွင်းကလူ့အရင်းအမြစ်တွေရဲ့ အရည်အသွေးတွေကို မြှင့်တင်ပေးချင်တဲ့အတွက်မြန်မာပြည်ကို လာရောက်ခဲ့ခြင်းဖြစ်ပါတယ်`
ဟု ABSDF အဖွဲ့ဥက္ကဋ္ဌဟောင်းဖြစ်ခဲ့သော ဦးထွန်းအောင်ကျော်က ပြောသည်။
မိုးသီးဇွန်ကလည်း ပြည်သူတွေကို ကူညီပေးချင်သည်၊ နိုင်ငံတော်သမ္မတကြီးကိုကူညီပေးချင်သည်၊တိုင်းရင်းသားတွေကို ကူညီပေး
ချင်တဲ့အတွက် မြန်မာပြည်ကိုလာရောက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းစာရှင်းလင်း ပွဲတွင်ပြောသည်။
အဆိုပါ မိုးသီးဇွန်အပါအ၀င် အပေါင်းအပါ ၆ ဦးအား အစိုးရမှ Black List မှပယ်ဖျက်ပေးပြီးနောက် မြန်မာပြည်တွင် နေထိုင်ခွင့် ၂၁ ရက်ပေးကြောင်းသိရသည်။
မြန်မာပြည်တွင်နေထိုင်စဉ်ကာ
ဆိုထားကြောင်း၊ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်တောင်းထားကြောင်း သိရသည်။အဆိုပါ ရည်ရွယ်ချက်တို့ဖြင့် အမိမြေ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်( The Mission for Peace in Motherland) ကို ဖွဲ့စည်းလိုက်ကြောင်းသတင်းထုတ်ပြန်ကြေညာသည်။
အဆိုပါ အဖွဲ့တွင် မြန်မာနိုင်ငံသား မဟုတ်ကြတော့သောအမေရိကန်နိုင်ငံသားအဖြစ် နေထိုင်လျက်ရှိသော (၁)ဦးကိုကိုလေး(USA
)(၂)ဦးကိုကိုအောင်(JAPAN)၊(၃)ဦးဇော်မင်း(USA)၊(၄)ဦးထွန်းအောင်ကျော်(USA)၊(၅) ဦးမိုးသီးဇွန်(USA)၊(၆)ဦးမူးယာ(USA)၊ (၇) ဦးရင်အေး USA)၊(၈) ဦးေ၇ွှစင်ထွန်း(USA)၊ (၉)ဦးသက်ထွန်း(USA)၊(၁၀)ဒေါက်တာ အေးမင်း( USA)၊ (၁၁) ဦးအောင်မျိုးတင့်US
A)တို့ပါဝင်ကြသည်။
အဆိုပါအဖွဲ့ဝင်များမှာ ၁၉၈၈ ခုနှစ်အရေးတော်ပုံတွင်ပါဝင်ခဲ့ကြသူများဖြစ်ပြီး မြန်မာပြည်တွင်း ဖြစ်ပွားနေသောပြည်တွင်းစစ်(က
ချင်နှင့် တပ်မတော်) စစ်ပွဲများရပ်ဆိုင်းသွားရန်အတွက်ရည်ရွယ် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဦးကိုကိုအောင်က ပြောသည်။
အဆိုပါအဖွဲ့သည် မြန်မာပြည်သို့ စက်တင်ဘာ ၁ ရက်နေ့တွင် ရောက်ရှိခဲ့ကြပြီး၊ ၈၈မျိုးဆက်ကျောင်းသား အများအဖွဲ့
ပြည်တွင်းတွင်နေထိုင်ကြသော ABSDFအဖွဲ့ဝင်ဟောင်းများနှင့်လည်း တွေ့ဆုံပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အဖွဲ့သည် ၁၉၈၈ခုနှစ် အရေးတော်ပုံအပြီး မြန်မာ့ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာပြည်နယ်
စပ်သို့ထွက်လာခဲ့ကြပြီးကျောင်းသားတပ်မတော်(ABSDF)ကို တည်ထောင် ဖွဲ့စည်းခဲ့ကြသူများဖြစ်ကြောင်းသိရှိရသည်။
0 comments:
Post a Comment