Pages

Monday, September 3, 2012

လုံခြုံရေးအစောင့်အရှောက်နှင့်တကွ ဘင်္ဂါလီများ စစ်တွေဈေးသို့ ၀င်သောကြောင့် ရုတ်ရုတ်သဲသဲဖြစ်

 
ယနေ့နေ့လည်(၁၂)နာရီခန့်ကစစ်တွေမြို့နယ်မြို့မဈေးသို့စစ်တွေမြို့ပြင်ဘက် ဘင်္ဂါလီရွာများမှဟုယူဆရသောဘင်္ဂလီလူမျိုးများလုံ
ခြုံရေးအစောင့်အရှောက်များတကွရောက်လာရာဈေးအတွင်းရောက်ရှိနေကြသောဈေးသူေ ဈးသားများ နှင့် ဈေးဝယ်သူများအ
ကြား ရုတ်ရုတ် သဲသဲ ဖြစ်သွား ကြသောေ ကြာင့်ချက် ချင်းပြန်သွားကြသည် ဟု ဈေးဆိုင်ရှင် တစ်ယောက် က  ပြောကြားသည်။ 
“လုံခြုံရေးတပ်ဖွဲ့ဝင်များတင်ထားတဲ့ကားသုံးစီးဈေးရှေ့ကိုရောက်လာတော့အရေးကြီးပုဂ္ဂိုလ်တွေများ လာသလားလို့ ဈေးထဲကလူ
တွေကထွက်ကြည့်တာဘင်္ဂါလီတွေဖြစ်နေတယ်။ဒါနဲ့ဈေးထဲကလူတွေရုတ်ရုတ်သဲသဲဖြစ်သွားတော့ပဍိပက္ခဖြစ်တော့မလိုအသွင်ဆောင် 
လာတဲ့အခါကျမှအတူလိုက်ပါလာတဲ့လက်နက်ကိုင် လုံခြုံရေးတွေက ဘင်္ဂါလီတွေကို ကားပေါ် တင်ခေါ်ပြီး ပြန်ထွက် သွားကြတယ်” ဟု ဖြစ်စဉ်အတွင်းရှိနေခဲ့သူ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက Coral Arakan အားပြောကြားသည်။

ဘင်္ဂါလီခြောက်ယောက်ခုနစ်ယောက်စီတင်ဆောင်ထားသောဒိုင်နာကားအရှည်နှစ်စီး နဲ့ ဒိုင်နာအတို တစ်စီး စုစုပေါင်းသုံးစီးပေါ်တွင် တစ်စီးလျှင်လက်နက်ကိုင် လုံခြုံရေးငါးယောက်စီ တင်ဆောင်လာကြ သည်ဟု ဆိုသည်။ဘင်္ဂါလီများရောက်လာသည်ကိုသိကြသည်
င့်ချက်ချင်းဈေးသူဈေးသားများနှင့် ဈေးဝယ်သူများက ဈေးဝ သို့စုရုံး ရောက်ရှိလာကြရာ မြို့မဈေးဝမှာ လူအုပ်ဖြင့်ပိတ်သွားခဲ့သည်။

အခင်းဖြစ်နေရာသို့ရဟန်းပျိုအဖွဲ့မှသံဃာများဆိုင်ကယ်တက္ကစီနှစ်စီးဖြင့် ရှေ့ဆင့်နောက်ဆင့်  ရောက်လာ ကြ သည် ဟု မျက်မြင်တစ်ယောက်က ဆိုသည်။ရဲသားအချို့ကလည်း သေနတ်ပြောင်းများကို လာရောက် စုရုံးကြည့်ရှုနေကြသည့်ရခိုင်လူမျိုး
များဘက်သို့ လှည့်ထားကာ စောင့်နေကြသည်ဟု ထိုမျက်မြင်က ပြောကြား သည်။

ထိုကဲ့သို့တင်းမာမှုတစ်နာရီခန့်ဖြစ်ခဲ့ပြီးနောက်ရဲသားများကဘင်္ဂါလီများကိုတင်ဆောင်ကာဈေးနှင့်တစ်ဘလောက်ခန့်ဝေးသောကျေး
ပင်ကြီး အလယ်တန်းကျောင်းဝင်းသို့ မောင်းဝင်သွားကြသည်။“အခုလိုမျိုး အချိန်မှာ ဒီလိုလုံခြုံရေးအင်အားကိုသုံးပြီး ရခိုင်တွေနေ
တဲ့နေရာကို လာတာမျိုးက မလုပ်သင့်သေး ဘူး။

အခြေအနေတွေ အေးချမ်းသွားပြီး နောက်ထပ် ပဍိပက္ခတွေ ဘာမှထပ်မဖြစ်ပဲနဲ့ အချိန်ကာလအနည်းဆုံး ဆယ်နှစ်ဆိုသလို ကုန်လွန်သွားတဲ့အခါကျမှ စစ်တွေမြို့ထဲကို ဘင်္ဂလီတွေ ၀င်လာပြီးဈေးလာဝယ်မယ် ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်မယ်” ဟု အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး တစ်ဦးက Coral Arakan အားပြောကြားသည်။

“ပြည်သူက ကျွေးတဲ့ထမင်းကို စားပြီး ပြည်သူမဟုတ်တဲ့ နိုင်ငံခြားသား ဘင်္ဂလီတွေကို အခကြေးငွေ ယူပြီးတော့ တပ်စိတ်တစ်စိတ်မက တကူးတက လိုက်ပါစောင့်ရှောက်ပေးတာကို တွေ့ရလို့ ကျွန်တော် ဒေါသ ထွက်မိတယ်။ နောက်ထပ် အဓိက
ရုဏ်းတွေ မဖြစ်ဖြစ်အောင် ဖန်တီးနေတာနဲ့တူနေပြီ” ဟု စစ်တွေမြို့မှအခွန်ထမ်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကလည်း Coral Arakan အားပြောကြားသည်။

အရေးအခင်းဖြစ်ကာစ ဇွန်လ ဒုတိယအပတ်အတွင်းက စစ်တွေမြို့မဈေးကြီးအတွင်းသို့ဘင်္ဂါလီ ကလေး ငယ် နှစ်ဦး ဓါတ်ဆီဗူးများကိုင်၍ မီးရှို့ရန် ၀င်ရောက်လာသည်ကိုလက်ပူလက်ကြပ် ဖမ်းမိဖူး သဖြင့် ဈေးသူ ဈေးသားများက ဘင်္ဂါလီများကို သံသယဖြစ် ထိတ်လန့်ကြလျက်ရှိသည်။

စစ်တွေမြို့တွင်းရှိ အောင်မင်္ဂလာ(ဘင်္ဂလီ)ရပ်ကွက်တွင် ချထားသော လုံခြုံရေးကိုဦးစီးရသည့် စစ်တပ် အရာရှိတစ်ဦးက မိမိတို့အနေဖြင့် ရခိုင်များဆီမှ တစ်ဖက်လှည့်ဖြင့် ၀ယ်ပေးကာ ဘင်္ဂါလီများ ကို ထောက်ပံ့နေသည် ဆိုသည်မှာ မဟုတ်ပါကြောင်း၊သို့သော် မြို့ပြင် ဘင်္ဂါလီများနှင့် မြို့တွင်းဘင်္ဂါလီများ ရောင်းဝယ်ကြသည့် အခါပစ္စည်းပို့ဆောင်ရာတွင် လုံခြုံရေးလိုက်ပါပေးရခြင်း သာ ဖြစ်ကြောင်း မြို့မိမြို့ဖများကိုလွန်ခဲ့သော တစ်လခန့်က ရှင်းလင်း ပြောပြဖူးသည်။

ဘင်္ဂါလီများကို မရောင်းချင်သော ဒေသခံရခိုင်များထံမှ ပစ္စည်းများကို တစ်ဘက်လှည့်ဖြင့်ဝယ်ပေးသည်မှာ မိမိတို့မဟုတ်ကြောင်း ရဲစစ်တပ်ဘက်မှအသီးသီးငြင်းဆိုမှုများရှိနေသော်လည်းဘင်္ဂါလီများကိုပစ္စည်းဝယ်ပေးသောမှောင်ခိုလုပ်ငန်းဖြင့် မြိုးမြိုးမျက်မျက်ရ
နေကြသူများရှိသည်ဟု စစ်တွေတွင် အရပ်သတင်း ထွက်နေသည်မှာ ကြာပြီဖြစ်သည်။

ပစ္စည်းဝယ်ပေးလျှင် ပစ္စည်းတန်ဖိုး၏ တစ်ရာ ရာခိုင်နှုန်းကို အပိုထပ်ဆောင်းပေးရသည်ဟု ဆိုသည်။ဆိုလိုသည်က ငွေနှစ်သိန်းပေး
ပါမှ ပေါက်ဈေး ငွေတစ်သိန်းဖိုး တန်ဖိုးရှိ ပစ္စည်းများရမည်ဖြစ်သည်။၎င်းအပြင်ဘင်္ဂလီများကိုယ်စားစစ်တွေမြို့တွင်းဘဏ်များမှငွေ
လွှဲလာထုတ်သောလုံခြုံရေးအရာရှိများမှာ အထူးဝင် ငွေကောင်းကြသည်။

 ငွေတစ်သိန်းထုတ်ပေးလျှင် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်ငွေလေးသောင်းကို ထုတ်ပေးသူ အရာရှိအား ငွေလွှဲ ထုတ်ပေးခ ပေးရသည်ဟု ဆိုသည်။ လစာသိန်းဂဏန်းမျှသာရကြသည့်အရာရှိများ စစ်တွေမြို့တွင်း ဘဏ်များတွင် ကျပ်ငွေ သိန်း ဆယ်ဂဏန်း ရာဂဏန်း ပမာဏများကို လာထုတ်ကြသည်မှာ စစ်တွေမြို့ လမ်းမကြီးတွင် မြင်ရတတ်သော မြင်ကွင်းမျိုးဖြစ်သည်။
 
လွန်ခဲ့သော တစ်ပတ်ကျော်ခန့် သြဂုတ်လ(၂၅) ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့ပြင်အဓိက ဘင်္ဂါလီ ဒုက္ခသည်စခန်းရှိရာ သဲချောင်းဘင်္ဂါလီရွာ အနီးရှိ သဲချောင်း(ရခိုင်)ရွာငယ်၏အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေဝင်း တို့ ညီအစ်ကို သုံးယောက်ကို သဲချောင်း ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော ခမရ ၅၄၁ မှ တူးအိုင်စီခေါ် ဒုတပ်ရင်းမှူး ဦးဆောင်သော တပ်မတော်သားများက ၀ိုင်းဝန်းရိုက်နှ က်ကြသဖြင့် အုပ်ချုပ်ရေးမှူး၏အစ်ကိုကြီးဖြစ်သူ ဦးအောင်ဆွေမှာ ဆေးရုံတင်ရသည့် အဆင့်ဖြစ် သွားခဲ့သည်။

‘ဘင်္ဂါလီများကိုပစ္စည်းရောင်းသောရခိုင်အမျိုးသားသစ္စာဖေါက်တစ်ဦး’အဖြစ်စစ်တွေမြို့မဈေးကြီးထဲတွင် စာရွက်များဖြန့်ချိရှုတ်ချ
ခြင်းခံထားရသူသဲချောင်းအုပ်ချုပ်ရေးမှူးဦးအောင်ဆွေဝင်းဘင်္ဂါလီများအားစက်သုံးဆီရောင်းသည်ကိုစစ်တပ်က လက်ပူးလက်ကြပ်
ဖမ်းမိသောကြောင့် နယ်မြေတာဝန်ကျစစ်တပ်က ဟန့်တားပိတ်ပင်ခြင်းဖြစ်သည်ဟု အတွင်းသိတစ်ချို့က ဆိုကြသည်။

စစ်တပ်နဲ့အဝေမတည့်လို့ဖြစ်ကြတာဟုလည်းတချို့ကစွပ်စွဲပြောဆိုကြသည်။ပစ္စည်းဝယ်ပေးရန်အတွက် ဦးအောင်ဆွေဝင်းအား ငွေ
ဆယ်သိန်းကျာ်ကျော်ထုတ်ပေးထားသော ဘင်္ဂါလီများက ပစ္စည်းလည်း မလာ ငွေလည်းပြန်မရသဖြင့်နယ်မြေတွင်တပ်စွဲထားသော တပ်သားများအား လက်တို့ပြီး ချောင်ပိတ် ဖမ်းဆီး စေခြင်းဖြစ်သည်ဟု တချို့က ဆိုကြသည်။

0 comments:

Post a Comment