Pages

Monday, September 3, 2012

၂၀၁၃ ခုနှစ်မှ စ၍ အကယ်ဒမီ ဆုများကို ရုပ်ရှင် အစည်းအရုံး က ရွေးချယ်မည်

မြန်မာနိုင်ငံတွင် ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) များကို ပြန်ကြားရေး ဝန်ကြီး ဌာနမှ ဦးဆောင် ရွေးချယ်ခဲ့ရာမှ ၂၀၁၃ မှစ၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ရွေးချယ် ပေးအပ်တော့ မည် ဖြစ်ကြောင်း ဒါရိုက်တာ အန်ထော်နီက ပြောကြားသည်။
၂၀၁၁၊ ၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ခြင်းကိုပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်ရှင် လုပ်ငန်း ကသာ တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကြမှသာ ရုပ်ရှင်အစည်းအရုံး  က ရွေးချယ်ထားသော ဝါရင့် အနုပညာရှင်များ ပါဝင်သည့် ဘုတ်အဖွဲ့ဖြင့် ရွေးချယ်သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
 
မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ရုံရှင်ရုံပေါင်း ၄၉ရုံသာ ရှိပြီး မြန်မာနိုင်ငံ လူဦးရေနှင့် နှိုင်းယှဉ်လျှင် ရုပ်ရှင်ရုံ အရေအတွက်မှာ အလွန်နည်းပါးကြောင်း မြန်မာ့ရုပ်ရှင် အရည်အသွေးကောင်းမွန်လာရေးအတွက် ဒီဂျစ်တယ် စနစ်သို့ ကူးပြောင်းရန်လိုကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက စက်တင်ဘာလ၂ရက်နေ့က ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်နှင့် အနုပညာရှင်များ ပထမဆုံး အကြိမ် တွေ့ဆုံပွဲတွင် ပြောကြားသည်။
 
 
ရန်ကုန်သတင်း

0 comments:

Post a Comment