Pages

Tuesday, August 21, 2012

Kai-tak မုန်တိုင်းအရှိန်ကြောင့် ဒေသအလိုက်မိုးကြီးနိုင်


Kai-tak မုန်တိုင်းအရှိန်ကြောင့် ဒေသအလိုက်မိုးကြီးနိုင်




မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ယနေ့ ည ၇း၀၀ နာရီအချိန်ထုတ်ပြန်ချက်အရ ကျိုင်းတုံမြို့၏အရှေ့ဘက် မိုင် ၂၅၀ ခန့်အကွာတွင် တည်ရှိနေသည့် Kai-tak ကုန်းတွင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် ဒေသအလိုက် မိုးကြီးနိုင်ကြောင်း သိရသည်။ 


ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ဘင်္ဂလား

ပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေသည်။ နောက်နှစ်ရက်အတွက် မြန်မာနိုင်ငံ အထက်ပိုင်းဒေ
သများတွင် မိုးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။ မိုးလေဝသနှင့် ဇလဗေ
ဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပါသည်။



ထူးခြားသည့်အခြေအနေ

ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က တောင်တရုတ်ပင်လယ်ပြင်(တုံကင်ပင်လယ်

ကွေ့)မှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အားကောင်းသည့် အပူပိုင်းမုန်တိုင်း"ကိုင်းတက်"(KAI - TAK)သည် ကုန်းတွင်းမုန်တိုင်းငယ်
အဖြစ် အနောက်ဘက်သို့ ရွေ့လျားနေပြီး ကျိုင်းတုံမြို့၏အရှေ့ဘက် မိုင် (၂၅၀) ခန့်အကွာတွင် ဆက်လက်တည်ရှိနေပါသည်။ 

အဆိုပါကုန်းတွင်း မုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျားလျက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း အားပျော့
သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ယင်းကုန်းတွင်းမုန်တိုင်း၏ အရှိန်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်
နယ်နှင့် ကယားပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးနိုင်ပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း

ဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဒေသအလိုက်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်
နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်

အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) အထိ တိုက်
ခတ်နိုင်ပါသည်။

နောက် (၂) ရက်အတွက်ခန့်မှန်းချက်

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။

မနက်ဖြန်ညနေအထိ ခန့်မှန်းချက်

နေပြည်တော်နှင့်အနီးတစ်ဝိုက် - နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက် - မိုးအသင့်အတင့်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက် - မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

0 comments:

Post a Comment