Pages

Tuesday, August 21, 2012

ရဲတပ်ဖွဲ့မှမြရည်နန္ဒာကျူးကျော်နေထိုင်သူများအားဖယ်ရှားခိုင်း

 
 မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်ရှိကျူးေ ကျာ်နေထိုင်သူများအား ဖယ်ရှားရန်
သြဂုတ်လ ၂၁ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှလာရောက်စေခိုင်းခဲ့ကြောင်း မြရည်နန္ဒာရှိကျူးကျော်နေ
ထိုင်သူများကပြောသည်။


 မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊အောင်ပင်လယ်ရဲ စခန်းမှရဲအရာရှိ ၅၀ ခန့် သြဂုတ်လ ၂၁ ရက်နံနက် ၉နာရီ အချိန်
တွင် မြရည်နန္ဒာရှိ ကျူးကျော်တဲများသို့ လာရောက်ခဲ့ပြီး အမြန်ဆုံးဖယ်ရှားပေးရန်စေခိုင်း ခဲ့သလို ကျူးကျော်
နေထိုင်သူများထဲမှ ဦးဝင်းမြင့်ထွန်းကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ကျူးကျော်နေထိုင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ကျူးကျော်နေထိုင်သူများထဲမှ အမျိုးသမီးများအပါအ၀င် လူ ၂၀ခန့် ထိခိုင်အနာ
တရ ဖြစ်ခဲ့သည်ဟု ကျူးကျော်နေထိုင်သူများထဲမှ အသက် ၄၃ နှစ်အရွယ်ဒေါ်ဝါမြင့် ကပေါ်ပြူလာနယူးစ်သို့
 ပြောသည်။ 
 
ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သော်လည်း ကျူးခေါင်းဆောင် ဦးဝင်းမြင့်ထွန်းမှာ အဖမ်းမခံရဘဲ လွှတ်
မြောက်သွားခဲ့ကြောင်း ကျူးကျော်နေထိုင်သူ ဦးပေါ်ကြီးက ပြောသည်။









  ပေါ်ပြူလာဂျာနယ်

0 comments:

Post a Comment