Pages

Tuesday, August 21, 2012

သင်္ကန်းကျွန်း(ဆ/က) ရပ်ကွက် အတွင်း တိုက်ဆောက်သူများ ရပ်ကွက်အုပ်ချုပ်ရေးမှုးထံ ငွေသိန်းချီပေးနေရ


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက် အတွင်း ကန်ထရိုက်တိုက် ဆောက်လုပ်သူ
များ အနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အတွက် ကျပ်သိန်းချီ၍ ပေး နေကြောင်း ဆ/က ရပ်ကွက်နေ ပြည်သူအချို့၏ ပြောပြချက်အရ စုံစမ်းသိရှိရသည်။

“အဓိကကတော့ သူ့အနေနဲ့ လက်မှတ်ထိုးပေးမယ် ပေါ့နော်။ ပြောရရင် သူ့ရဲ့ထောက်ခံချက် ပေါ့ဗျာ။ ရပ်
ကွက်ထဲမှာ တိုက်တစ်လုံးဆောက်ရင် အဲ့ဒီရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက် လိုတယ်။ ဒါပေမယ့် အဲဒီထောက်ခံချက် ဆိုတာလေးတစ်ခုထဲနဲ့  ငွေသိန်းချီပြီး တောင်းနေတာတော့ မသင့်ပါဘူး။

ကျွန်တော်တို့ ဆ/က ရပ်ကွက်အုပ်ချုပ်ရေးမှုး နာမည်က ကိုသန်းဦး။ သူတက်လာတာ (၈) လ၊ (၉) လ
လောက်တာ့ရှိပြီ။ ရပ်ကွက်ထဲ တိုက်ဆောက်မယ့်လူတွေက သူ့ ကိုနှစ်သိန်း၊ သုံးသိန်း တချို့ဆို ငါးသိန်း
လောက် ပေးရတယ်။ ကိုယ်ပိုင်မြေမှာ ပြန်ဆောက်ရင်တော့ လျှော့ယူတယ်။ ဒါကနား လည်မှုဆိုတဲ့ပုံစံမျိုးနဲ့
ပါ။ ကျွန်တော့်တုန်းက သူ့ကိုတိုက်ရိုက်ပေး လိုက်ရတယ်” ဟု (ဆ/က) ရပ် ကွက်အတွင်း ကန်ထရိုက်တိုက်
 ဆောက်သူတစ်ဦးက ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ မတရားငွေတောင်းပုံကို ပြောကြားသွားခဲ့ သည်။

ရပ်ကွက်နေပြည်သူများ၏ ဆက်လက်ပြောပြချက်များ အရ ကန်ထရိုက်တိုက်များ စလပ်သွန်း လောင်းပါက တစ်စလပ်လျှင် ကျပ်နှစ်သိန်း တိတိ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ပေးရကြောင်း၊ ထိုသို့ ပြည်သူများထံမှ
ငွေသိန်း ချီကာ တောင်းခံခြင်းနှင့်ပတ်သက် ၍ ငွေလက်ခံပြေစာ တစ်စုံတစ် ရာ ပြန်လည်ပေးအပ်ခြင်း လုံးဝ
မရှိပါကြောင်း၊ စေတနာဖြင့် လာရောက်ပေးအပ်သဖြင့် လက်ခံရ ခြင်းဖြစ်ပါကြောင်း ပြန်လည် ပြောဆိုလေ့ရှိ
ကြောင်း သိရှိရသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုတာ ရပ်ကွက်တစ်ခုရဲ့ အဖေဆိုလည်း ဟုတ်တယ်။ အမေဆိုလည်း ဟုတ်တယ်။ ဒါပေမယ့် ဒီလိုမတရား အမြတ်ထုတ် ဂုတ်သွေးစုပ်နေတာ လည်မျိုနင်းနေတာတော့ လုံးဝမတရားဘူး။ ပြီး
တော့ သူကပဲ မတောင်းသလိုလို ပြန်ပြောသေးတယ်။

အဲ့သလိုလူမျိုးကို အထက်က တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးပြီး ဖယ်ရှားအရေးယူသင့်ပါတယ်။ ဒါမှလည်း ခံရတဲ့ ပြည်သူတွေအတွက် သက်သာမှာ” ဟု (ဆ/က) ရပ်ကွက်နေ ပြည်သူတစ်ဦးမှ ပြောကြားသွား ခဲ့သည်။


Myanmar 1

0 comments:

Post a Comment