Pages

Tuesday, August 21, 2012

မဟာမုနိဘုရားကြီးရှိ အလှူခံသေတ္တာများမှ အလှူငွေခိုးယူခံရမှု ခြောက်လကြာမှ သိပြီး ရဲတိုင်


 
၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလဆန်းပိုင်းကမန္တလေးမဟာမုနိဘုရားကြီးရှိဝန်ထမ်းအချို့က အလှူခံသေတ္တာပုံးများ
အတွင်းမှအလှူငွေများဖောက်ထွင်းခိုးယူသွားမှူကို (၆)လအကြာတွင်မှ ဂေါပကအဖွဲ့က ကြားသိရ၍ အမှူ
ဖွင့် တိုင်ကြား ထားကြောင်း သတင်းရရှိသည်။
 “အဲဒီအချိန်တုန်းကကိုယ် တို့ဂေါပက သက်တမ်း(၃)လ ပဲရှိသေးတယ်။ လုပ်သွားတဲ့ဝန်ထမ်းတွေကို လည်းအဲလို လုပ်လိမ့်မယ်လို့ထင်မထားဘူး။ ဘုရားကြီးရဲ့ တခြားလုပ်ငန်းတွေ ဘက် အာရုံစိုက်နေ တဲ့အချိန် ခုလိုဖြစ်သွား ခဲ့တာပါ။ ခုကျမှသူတို့ချင်းအ သံတွေထွက်လာတော့ စစ်လိုက်မှပေါ်လာတာ” မဟာမုနိ ဘု ရားကြီးဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်ကပြောသည်။


၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ(၇)ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး၊ ငွေကြေးမည်မျှပါသွားသည်ကိုမူ မ
သိရှိရသေးကြောင်း၊ယင်းကိစ္စတွင်ပါဝင်ပက်သက်နေသည်ဟုယူဆရသောအခင်းဖြစ်ပွားရာညကတာဝန်ကျ
ဝန်ထမ်း(၁၁)ယောက်ကိုရာထူးမှချကာချမ်းမြသာစည်မြို့နယ်ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်း
သို့ယခုလ(၁၆)ရက်တွင် အမှူဖွင့်တိုင်ကြားထားကြောင်း ဦးစိန်သင်ကပြောသည်။

ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက်အလှူခံသေတ္တာများအပြင်အခြားလုံခြုံရေးအစီအမံများပြုလုပ်ရန် စီစဉ်
နေသည်ဟု ၄င်းကဆိုသည်။

ထိုအမှူကိစ္စကိုကိုင်တွယ်နေသည်ဟုဆိုသည့်ချမ်းမြသာစည်မြို့နယ်ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)
ရဲစခန်းသို့သွားရောက်မေးမြန်းရာစခန်းမှူးမရှိရွေ့မဖြေကြားပေးနိုင်ကြောင်း၊ ဘုရားကြီးမှခိုးမှုတစ်ခုကိုတော့
ဆောင်ရွက်နေကြောင်းတာဝန်ကျရဲဝန်ထမ်းတစ်ဦးကပန်လည်ပြောကြားသည်။ 
 
မဟာမုနိဘုရားကြီးတွင်လျှပ်စစ်မီး၊ရွှေသင်ကန်းကပ်လှူရန်နှင့်အခြားဝေယျာဝစ္စလုပ်ငန်းများလုပ်ကိုင်ရန် အ
လှူခံသည့်အလှူခံသေတ္တာ(၂၂)လုံးရှိသည်ဟု သတင်းရရှိသည်။

7DayNewsJournal

0 comments:

Post a Comment