ဖိလစ်ပိုင်နိုင်ငံ
မနီလာမြို့ အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် ADB က ရန်ကုန်မြို့
ဆူးလေဘုရားလမ်းမှာ ရှိတဲ့ ကုန်သည်ကြီးများ ဟိုတယ်မှာ ဒီကနေ့ နေ့လည်ပိုင်းက
သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ “မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အခက်အခဲနဲ့ အခွင့်အလမ်းများ” ဆိုတဲ့ ခေါင်းစဉ် နဲ့ အစီရင်ခံစာထုတ်
ပြန်ပြီး ရှင်းလင်းခဲ့တာပါ။
မြန်မာနိုင်ငံ အနေနဲ့ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်ဆိုရင် စီးပွားရေး

ဖွံ့ဖြိုးတိုးတက်မှု လာမယ့် သက္ကရာဇ်
၂ဝ၃ဝ ခုနှစ်လောက် အရောက်မှာ ဝင်ငွေ အလယ်အလတ် တန်းစား
လောက် ရှိမယ့်
နိုင်ငံစာရင်းကို ဝင်ရောက်နိုင်မယ်လို့ အစီရင်ခံစာက ခန့်မှန်း ပြောဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီး ၂ ခု အကြားမှာ ရှိနေတဲ့အချက်၊ သဘာဝ သယံဇာတ အရင်းအမြစ် တွေ ပေါများတဲ့အချက်နဲ့ အလုပ်လုပ်နိုင်တဲ့ လုပ်သားအင်အား ရာခိုင်နှုန်း များပြားတဲ့ အချက်

တွေဟာ
အခွင့်အလမ်းကောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး GDP ဟာ လာမယ့် ၁၈ နှစ်အတွင်း နှစ်စဉ် ၇ ရာခိုင်နှုန်း ကနေ ၈ ရာခိုင်နှုန်း အထိ တိုးတက်နိုင်ပြီး တဦးချင်း တနှစ် ဝင်ငွေဟာလည်း ၃ ဆလောက် ပိုများလာနိုင်ပြီး အမေရိကန်ဒေါ်လာ ၂ ထောင်ကနေ ၃ ထောင်လောက် အထိ ရှိလာမယ်လို့ ADB က ခန့်မှန်းပါတယ်။
လောလောဆယ် မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကတော့- တိုင်းပြည် ပြန်လည် ထူထောင်ရေး

အတွက် အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့
လူမှု ဖူလုံရေးဆိုင်ရာ စီမံ
ကိန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အများကြီး
လိုအပ်နေတာပဲ ဖြစ်တယ် လို့လည်း ADB က ထောက်ပြ ပြောဆို
လိုက်ပါတယ်။
RFA (Burmese)
0 comments:
Post a Comment