Pages

Tuesday, August 21, 2012

ဆန်တာကလော့စ်အလှမယ် ဖြစ်သွားသည့် မီရန်ဒါကားရ်

Photo: © Scope Features

မီရန်ဒါကားရ်တစ်ယောက် ဆန်တာကလော့စ် အလှမယ်လေး တစ်ဦးအဖြစ် အသွင်ပြောင်းသွားခဲ့ကြောင်း သိရှိရသည်။ Victoria's Secret၏ နာမည်ကျော် ဩစတြေးလျသူ အလှမယ်သည် ကြော်ငြာတစ်ခုအတွက် ဓာတ်ပုံ အရိုက်ခံခဲ့ရာ အဝါရောင် ဆန်တာကလော့စ် ဝတ်စုံတိုလေးကို ဆွဲဆောင်မှုရှိအောင် ဝတ်ဆင်ထား
ခဲ့သည်။ အဆိုပါ ဓာတ်ပုံများကို Lipton Japan လက်ဖက်ရည်အတွက် ကြော်ငြာရန် ရိုက်ကူးထားခြင်း ဖြစ်
သည်။


အသက်(၂၉)နှစ်ရှိ မီရန်ဒါသည် အဆိုပါ အချိုရည် အမှတ်တံဆိပ်အတွက် သံတမန်အဖြစ် ဆောင်ရွက်ပေး
ရန် လက်မှတ်ရေးထိုးထားခဲ့သည်။ သူမသည် ခင်ပွန်းသည် အော်လန်ဒို ဘလွမ်းနှင့်အတူ ဩစတြေးလျတွင်
ခေတ္တ အနားယူနေရာမှ ယခုလို ကင်မရာများရှေ့ ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဟောလီးဝုဒ် မင်း
သား ဘလွမ်းသည် The Hobbit ဇာတ်ကားကို နယူးဇီလန်တွင် ရိုက်ကူးပြီးနောက် ဩစတြေးလျတွင် အေး
အေးလူလူ အပန်းဖြေလျှက် ရှိနေသည်။


ကားရ်သည် Liptonအတွက် ကြော်ငြာ ရိုက်ကူးပေးထားသလို ဩစတြေးလျ နာမည်ကျော် လေကြောင်းလိုင်း Qantasအတွက်လည်း မျက်နှာသစ် ကြော်ငြာမယ်အဖြစ် ပါဝင် ကူညီပေးထားသည်။ Qantasသည် ကုမ္ပဏီ၏ အရောင်းမြှင့်တင်ရေး Campaign တစ်ခုကို စတင်ရာတွင် ကားရ်အား အသုံးပြုခဲ့ခြင်းဖြစ်ပြီး ဓာတ်ပုံတစ်ပုံတွင် ကားရ်သည် လေကြောင်းလိုင်းမှ ဧည့်ခံကျွေးမွေးသည့် မုန့်များကို စားသောက်ရင်း  ပျော်ရွှင်နေသည့်ဟန်မျိုး
တွေ့ရှိခဲ့ရသည်။

DailyMail,Planet Myanmar Media:

0 comments:

Post a Comment