Pages

Monday, August 20, 2012

မလေးရှား နိုင်ငံ ပီနန်မြို့ ရှိ မြန်မာ နာရေးကူညီမူအသင်း တည်ထောင်သည့် တနှစ်ကျော်ကာလအတွင်း သေးဆုံးခဲ့ သူ၅၃ ဦးတွင် တရားဝင်နေထိုင်သူ ၁၅ဦးသားရှိ

မလေးရှား နိုင်ငံ ပီနန်မြို့ ရှိ မြန်မာ နာရေးကူညီမူအသင်း တည်ထောင်သည့် တနှစ်ကျော်ကာလအတွင်း သေးဆုံးခဲ့သူ၅၃ ဦးတွင် တရားဝင်နေထိုင်သူ ၁၅ဦးသားရှိကြောင်း ပီနန်မြို့ ရှိမြန်မာနာရေး ကူညီမူအသင်
းတာဝန်ခံ ကိုသန်းထွန်းကပြောပြသည်။

ယခင်က မလေး၇ှားတွင် တရားမ၀င်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမား ခုနှစ်သိန်းခန့်ရှိ ပြီး ဇူလှိုလ
အတွင်း  မလေးအစိုးရမှ တရာဝင် မှတ်ပုံတင်ပြုလုပ်ပေးရန် မှတ်တမ်းယူရာ မြန်မာအလုပ်သမား ၅သိန်း
ကျော်ရှိသော်လည်း နှစ်သိန်းခန့်ကျန်နေသေးကြောင်းယင်းကပြောပြသည်။

တချို့ကလည်း အခက်အခဲတွေကြောင့်သွားမလုပ်ကြဘူး၊အဲ့လိုလူတွေသေဆုံးသွားရင် သူတို့အတွက်က တရားဝင်နေထိုင်လုပ်ကိုင်ခွင့်စာရွက်စာတမ်းလည်းမရှိလို့ နစ်နာကြေးလည်းရဖို့မလွယ်ပါဘူးလို့ပြောပြပါ
တယ်။

အချို့ တရားဝင်လာရောက်ကြသောမြန်မာနိုင်ငံသားများကိုလည်း မလေးလုပ်ငန်းရှင်အချို့က စာအုပ်သိမ်း
ခေါင်းပုံဖြတ်မူများကြောင်း အလုပ်သမားများမှာ စာအုပ်မသိမ်းခံပြီး အလုပ်ပြောင်းကာ တရားမ၀င် အလုပ်
သမားအဖြစ်နေကြကြောင်းလည်းသိရပါတယ်။

သွားတုန်းကတော့တရားဝင်ပဲ စာချုပ်ချုပ်ထားတဲ့ တနှစ်အတွင်းမှာ အဆင်မပြေလို့အလုပ်ပြောင်းလုပ်
မယ်ဆိုတော့ အလုပ်ရှင်က စာအုပ်ပြန်မပေးတော့ လို့ စာအုပ်အဆုံးခံပြီး တရာမ၀င်ဖြစ်သွားကြတာပါ။ဒီလိုတရားမ၀င်ဖြစ်တော့ အပြင်ထွက်လဲကြောက်နေရ မြန်မာပြည်ပြန်လာချင်ရင်လည်းအောက်လမ်းက
aနပြန်ဝင်လာရတယ်လို့ မလေးတွင် ၅နှစ်ခန့် အလုပ်လုပ်ခဲ့သော ရွေပြည်သာ မြို့နယ်မှ မဝေေ၀လွင်က
ပြောပါတယ်။

ထိုပြင် မလေးရှား အလုပ်လုပ်ရန်လာကြသော မြန်မာနိုင်ငံသားများသည် အဆင်ပြေလို့လာလုပ်ကြတာမ
ဟုတ်သည့်အတွက် ဖရီးကောလင်းနှင့် မလာစေချင်ပဲ အလုပ်အကိုင်ကျိန်းသေမှသာလာစေချင်ကြောင်း
၊ အေးဂျင့်တွေနှင့်မလုပ်ပဲ malaysia company များနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ကျိန်းသေမှသာလာစေ
ချင်ကြောင်း ကိုဝင်းသန်းကပြောပြပါတယ်။

Envoy Journal

0 comments:

Post a Comment