Pages

Monday, August 20, 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကော်ပိုရေးရှင်းအဖြစ် ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖွဲ့စည်းမည်

အစိုးရက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်ရေးကော် ပိုရေးရှင်း အဖြစ် ပြောင်းလဲဖွဲ့စည်း လိုက်ပြီဖြစ်ပြီး ယင်းကော်ပိုရေးရှင်း၏လက်အောက်တွင် ပုဂ္ဂလိကကုမ္ပဏီလေးခုက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများကို လွှဲပြောင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်သွယ်ေ ရး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်တွင် အစိုးရဌာန တစ်ခုအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ယင်းဌာနက ဆက်သွယ်ေ ရးကော်ပိုရေးရှင်း လက်ေ အာက်ရှိ ပုဂ္ဂလိကကုမ္ပဏီများအား ဥပဒေအရ စီမံခန့်ခွဲရသည့်လုပ်ငန်းများ
ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သော ဆက်သွယ်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးဦးကျော်စိုးက ပြောသည်။

အစိုးရဌာနတစ်ခုအနေဖြင့် ဆက်လက်ကျန်ရှိနေမည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်

ရေးကော်ပိုရေးရှင်း၏ လက်အောက်တွင်ရှိလာမည့် မြန်မာတယ်လီကွန်း၊ ရတနာပုံတယ်လီကွန်းနှင့် အခြား
သော အော်ပရေတာကုမ္ပဏီနှစ်ခုတို့က နိုင်ငံတော်သို့ အခွန်အခများ ပုံမှန်ပေးဆောင်နိုင်ရန်နှင့် ဥပဒေနှင့်
အညီ ဆောင်ရွက်နိုင်ရန်တို့ကို ထိန်းချုပ်သွားမည်ဖြစ်သည်။

ယင်းသို့ အစိုးရက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖွဲ့စည်းပုံများကို ပြုပြင်ပြောင်းလဲလိုက်ရာတွင် ဆက်

သွယ်ရေးကော်ပိုရေးရှင်းအနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ငွေများကို မှီခိုအသုံးမပြုသည့် အဖွဲ့အစည်း
တစ်ရပ်အဖြစ် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပြီး ကော်ပိုရေးရှင်း၏ ရန်ပုံငွေနှင့်အတူ နိုင်ငံတကာအဖွဲ့
အစည်းများထံမှ ချေးငွေများ၊ နည်းပညာအထောက်အပံ့များဖြင့် လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်ကဆို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အမ်ပီတီကိုပဲ ရွေးကြတယ်။ အခုဆို ကိုယ်ကြိုက်တဲ့ ပုဂ္ဂလိကုမ္ပ

ဏီတွေကို ရွေးချယ်နိုင်ပြီ။ ပြည်သူတစ်ဦးချင်း လိုလားတဲ့၊ ပြည်သူတစ်ဦးချင်းစီကို အကျိုးပြုပေးနိုင်မယ့် အ
ရည်အသွေးကောင်းတဲ့၊ ဈေးချိုစေပြီး လုံခြုံစိတ်ချရမယ့် ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပေးနိုင်အောင်
လို့ ဒီလိုပြောင်းလဲမှုတွေကို လုပ်လိုက်တာပါ။ ပြည်သူဗဟိုပြုကို ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ကျောင်းအုပ်
ကြီး ဦးကျော်စိုးက ဆက်လက်ပြောသည်။

ယခုကဲ့သို့ ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်း ဖွဲ့စည်းပုံပြောင်းလဲလိုက်ပြီး ပုဂ္ဂလိကကုမ္ပဏီများ ပါဝင်လာ

တော့မည် ဆိုသော်လည်း လက်ရှိအခြေအနေထက် ပိုမိုထူးခြားသည့် ပြောင်းလဲမှုများကိုမူ မြင်တွေ့နိုင်ဦး
မည် မဟုတ်သေးကြောင်း ပြည်တွင်းအခြေစိုက် ကွန်ပျူတာပညာရှင်အချို့က သုံးသပ်ကြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြောင်းအလဲနှင့် ပတ်သက်ပြီး ကွန်ပျူတာပညာရှင် တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက “ဒီလိုပြောင်းလိုက်လို့ ဘာမှသိပ်ထူးမှာ မဟုတ်ပါဘူး။ အရင်က အင်တာနက်မကောင်းရင် သုံးစွဲသူတွေက ဆက်သွယ်ရေးကို ပြောကြတယ်။ အခုဆို ပုဂ္ဂလိကကုမ္ပဏီတွေကို ပြောကြရတော့မှာပေါ့

ဟု ထင်မြင်ချက်ပေး ပြောကြားသည်။

ယခုကဲ့သို့ အစိုးရက ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိကသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးလိုက်ခြင်း

ကြောင့် လာမည့်နှစ်များတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍဖြစ်သော မိုဘိုင်းဖုန်းသုံးစွဲမှုနှင့် အင်တာ
နက် သုံးစွဲမှုများကို ပုဂ္ဂလိကကုမ္ပဏီများတွင်သာ ဝယ်ယူနိုင်တော့မည်ဖြစ်သည်။ သို့သော် ယင်းကုမ္ပများ
သည် အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိဦးမည်ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် ကွန်ပျူတာလုပ်ငန်း
ရှင်နှင့် ပညာရှင်တချို့က ဝေဖန်ကြသည်။
7DayNewsJournal

0 comments:

Post a Comment