Pages

Thursday, July 12, 2012

မြန်မာနိုင်ငံအတွင်းရှိ လူငယ်များအနေနှင့် ကုမ္ပဏီများ၊ NGO များတွင်Internship(အလုပ်သင်) ၀င်ရောက်လုပ်ကိုင်နိုင် ရန်အတွက် ဇူလှိုင်(၂၁) ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်မည်


မြန်မာနိုင်ငံအတွင်းရှိ လူငယ်များအနေနှင့် ကုမ္ပဏီများ၊ NGO များတွင်Internship(အလုပ်သင်) ၀င်ရောက်လုပ်ကိုင်နိုင် ရန်အတွက်   Connect အဖွဲ့မှ (၂၁) ရက်နေ့တွင် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။



အထက်တန်းအောင် ကျောင်းသားများအနေဖြင့် လုပ်ငန်းခွင်အတွေ့အကြုံနှင့်စွမ်းဆောင်ရည်များတိုးမြင့် ရရှိစေနိုင်ရန်အတွက် Internshipလုပ်ကိုင်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်သည်ဟု Connect အဖွဲ့ဝင်များက ပြောသည်။


“ကျွန်မတို့ မေလကကျောင်းစပိတ်တော့ သုံးလနားတာနဲ့ မြန်မာပြည်ကိုပြန်လာတယ်၊ကျွန်မသူငယ်ချင်းတွေဆိုပြန်မလာကြဘူး။ ဒီမှာက ကျောင်းသားတွေကိုပေးမဲ့ လုပ်ငန်းအတွေ့အကြုံအလုပ်သင်တွေ မရှိတော့ သူတို့ ဟိုမှာပဲ နေခဲ့ကြတယ်။ အဲ့တာကြောင့်အလုပ်သင်တွေ ထားရှိဖို့ ကျွန်မတို့ ဆောင်ရွက် သွားမှာပါ။” ဟုအမေရိကန်နိုင်ငံတွင် ကျောင်းတက်နေသည့် connect အဖွဲ့မှ မဟေမာန်အောင်ကပြောသည်။


ထိုဆွေးနွေးပွဲကို ဇူလိုင်(၂၁)ရက် နေ့လည်(၁း၃၀)တွင် Summit Park Viewဟိုတည်၌ ဒေါက်တာအောင်ထွန်းသက် နှင့် Internship အတွေ့အကြုံရှိသောမြန်မာလူငယ်များမှ၎င်းတို့အတွေ့အကြုံများကိုဝေငှသွားမည်ဖြစ်သည်။စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပြီး အခကြေးငွေပေးစရာမလိုကြောင်း သိရှိရသည်။

အဆိုပါအဖွဲ့၏ အတွေ့အကြုံများ ဆွေးနွေးချက်များအားမြန်မာတစ်နိုင်ငံလုံးရှိ လူငယ်များအတွက်ရည်ရွယ်ထားသောကြောင့် online မှတဆင့် facebook ၊ website များမှဝေငှသွားမည်ဖြစ်ကြောင်း သိရသည်။


အဓိကအားဖြင့် ကျောင်းသားများနှင့် ကုမ္ပဏီများ ချိတ်ဆက်ရန်နှင့် NGOအဖွဲ့အစည်းများတွင် Internship ဝင်ရောက် လုပ်နိုင်ရန်အတွက်ဝိုင်းဆွေးနွေးကာ အလုပ်သင်ဆင်းရန် စတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။


“မြန်မာနိုင်ငံမှာ အလုပ်သင်လုပ်ပြီးအတွေ့အကြုံယူတဲ့ concept ကတော်တော်လေးကိုစိမ်းနေပါတယ်၊ ဘယ်သူမှလည်းမလုပ်ပါဘူး၊ လူနည်းစုလောက်ပဲသိကြတာပါ” ဟု အဆိုပါအဖွဲ့မှကိုသုထက်က ပြောသည်။


လူငယ်များအနေဖြင့် အနာဂတ်တွင် အရည်အသွေးများတက်လာစေရန်အတွက်အတွေ့အကြုံများ၊ မိမိတို့အလုပ်နှင့် သက်ဆိုင်သော သင်တန်းပို့ချမှုများစွာ လိုအပ်လျက် ရှိကြောင်းကိုလည်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒု-ဥက္ကဌ ဦးနှင်းဦးက ပြောသည်။


“ကျွန်တော်တို့ ဒီမှာဆိုရင် ကုမ္ပဏီတွေက ၀န်ထမ်းတွေကို သူတို့နဲ့ပတ်သက်တဲ့ သင်တန်းတွေ၊ အတွေ့အကြုံတွေကို အများကြီးပို့ချဖို့လိုပါတယ် သူ့ဆိုင်ရာဆိုင်ရာပေါ့ ဒါမှလည်းလူငယ်တွေရဲ့အရည်အသွေးတွေတက်လာမှ တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်မှာပါ။” ဟု အဆိုပါပုဂ္ဂိုလ်ကဆက်လက်ပြောသည်။


လုပ်ငန်းအလုပ်အကိုင်၊ အတွေ့အကြုံ ဆွေးနွေးချက်များအား လေ့လာလိုပါကwww.facebook.com/connect.myanmar တွင်ဝင်ရောက် နိုင်ကြောင်းသိရသည်။

Ref: မြစ်မခသတင်းမီဒီယာ


0 comments:

Post a Comment