Pages

Thursday, July 12, 2012

ဒိန်းမတ်နိုင်ငံတွင် ကျားလှောင်အိမ်ထဲ ကျူးကျော်ဝင်ရောက်သူ တစ်ဦးကို ကျားများက ဝိုင်းဝန်းကိုက်ဖြတ် စားသောက်



ဒိန်းမတ်နိုင်ငံတွင် ကျားလှောင်အိမ်ထဲ ကျူးကျော်ဝင်ရောက်သူ တစ်ဦးကို ကျားများက ဝိုင်းဝန်းကိုက်ဖြတ် စားသောက်လိုက်ကြောင်း သိရှိရသည်။ ကိုပင်ဟေဂင်မြို့တော် တိရစ္ဆာန် ဥယျာဉ် တစ်ခုတွင် လူတစ်ဦးအား ကျားသုံးကောင်က သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းများက အတည်ပြု ပြောဆိုသွားသည်။



 သေဆုံးသူမှာ အသက်(၂၀)အရွယ် အာဖဂန်လူမျိုး တစ်ဦးဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် လကမှ ဒိန်းမတ်နိုင်ငံသား ခံယူခွင့် ရထားခြင်း ဖြစ်သည်။ 

ဗုဒ္ဓဟူးနေ့ နံနက် အစောပိုင်းတွင် တိရစ္ဆာန်ရုံ အလုပ်သမားများက ကျားလှောင်အိမ်ထဲ သွေးအလူးလူးဖြင့် လဲကျနေသည့် အဆိုပါ ပုဂ္ဂိုလ်အား ရှာဖွေ တွေ့ရှိခဲ့သည်။ "သူ့ကို ကျားသုံးကောင်က တိုက်ခိုက်ထားတာပါ။ ကြမ်းပြင်ပေါ် မလှုပ်မယှက်ကြီး လဲနေတယ်"ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ လားစ်ဘော့ဂ်က AFPသို့ ပြောဆိုသွားခဲ့သည်။ 


ရဲများက ထိုသူသည် ကျားလှောင်အိမ်ထဲ မည်သည့် အကြောင်းကြောင့် ၀င်သွားသည်ကို တိတိကျကျ မသိရကြောင်းနှင့် မျက်မြင်သက်သေ မရှိကြောင်းလည်း ဆိုသည်။ 

"သူ့လှုပ်ရှားမှု တစ်ခုကိုမှ ကျွန်တော်တို့ မသိလိုက်ဘူး။ ဘာအထောက်အထားမှလည်း မရှိဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာလား၊ မတော်တဆ ဖြစ်တာလားဆိုတာ မပြောတတ်ဘူး"ဟု ဘော့ဂ်က ရှင်းလင်း ပြောကြားသွားသည်။ 


တိရစ္ဆာန်ဥယျာဉ်၏ စီမံရေးရာ အဖွဲ့ကလည်း ထိုသူ ကျားလှောင်အိမ်ထဲ ရောက်နေသည့် အကြောင်းရင်းကို မရှင်းလင်းနိုင်ဟု ဆိုသည်။ လူသေမှု ဖြစ်ပွားသော်လည်း တိရစ္ဆာန်ရုံကို ပုံမှန်အတိုင်းပင် ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရှိရသည်။ 

SourceHearldSun

0 comments:

Post a Comment