Pages

Thursday, July 12, 2012

ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ တတိယ အကြိမ်မြောက် အလှူငွေ ပေးအပ်ပွဲ နဲ့ အလှူရှင် တွေကို ဂုဏ်ပြု ယနေ့မနက်ပိုင်းကျင်းပ


Photo: ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ တတိယ အကြိမ်မြောက် အလှူငွေ ပေးအပ်ပွဲ နဲ့ အလှူရှင် တွေကို ဂုဏ်ပြုတဲ့ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက
 တော်ဝင်နှင်းဆီ ငြိမ်းချမ်းခမ်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ဝါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က.. သူ့ရဲ့ ဖောင်ဒေးရှင်းကို လှူဒါန်းကြတဲ့ စေတနာရှင် တွေ တနေ့တခြား တိုးလာတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို ပိုပြီး ထောက်ပံ့
ကူညီ နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအခမ်းအနားမှာ လက်ရှိ အကျဉ်းထောင်တွေမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသာ့း လွိုင်ကော်ထောင်က ဦးမြင့်အေး၊ အင်းစိန်ထောင်က ကိုဆန်နီ (ခေါ်) ကိုစံရှား၊ ရမည်းသင်းထောင်က ကိုဇော်ဇော်အောင် တို့အတွက် ကျပ်ငွေ (၅) သိန်းစီ ပေးအပ်ခဲ့ပါတယ်။ ဦးသာဘန်း၊ ဦးထွေးမြင့်၊ ဦးဂန္ဘီရ စတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း (၁၁) ဦးကို ကျပ်ငွေ ၅ သိန်းစီ နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်ဘုံရိပ်သာအတွက် ကျပ် ၂သိန်း ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ ရည်ရွယ်ပြီး ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကို NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်ရဲ့ မွေးနေ့ဖြစ်တဲ့ အခုနှစ် မတ်လ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းထူထောင်ခဲ့တာ ဖြစ်ပါတယ်။ 

ဖောင်ဒေးရှင်း အနေနဲ့ ဒီကနေ့အထိ ပြည်တွင်းပြည်ပက ထည့်ဝင်လှူဒန်းငွေ ကျပ်သိန်း (၁၈၀) လောက်ရရှိထားပြီး၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေကို သိန်း (၁၃၀) လောက် ထောက်ပံ့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ တတိယ အကြိမ်မြောက် အလှူငွေ ပေးအပ်ပွဲ နဲ့ အလှူရှင် တွေကို ဂုဏ်ပြုတဲ့

 အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းကတော်ဝင်နှင်းဆီ ငြိမ်းချမ်းခမ်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ဝါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က.. သူ့ရဲ့ ဖောင်ဒေးရှင်းကို 

လှူဒါန်းကြတဲ့ စေတနာရှင် တွေ တနေ့တခြား တိုးလာတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို ပိုပြီး

 ထောက်ပံ့ကူညီ နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။



ဒီအခမ်းအနားမှာ လက်ရှိ အကျဉ်းထောင်တွေမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသာ့း လွိုင်ကော်ထောင်က

 ဦးမြင့်အေး၊ အင်းစိန်ထောင်က ကိုဆန်နီ (ခေါ်) ကိုစံရှား၊ ရမည်းသင်းထောင်က ကိုဇော်ဇော်အောင်

 တို့အတွက် ကျပ်ငွေ (၅) သိန်းစီ ပေးအပ်ခဲ့ပါတယ်။ ဦးသာဘန်း၊ ဦးထွေးမြင့်၊ ဦးဂန္ဘီရ စတဲ့ နိုင်ငံရေး 

အကျဉ်းသားဟောင်း (၁၁) ဦးကို ကျပ်ငွေ ၅ သိန်းစီ နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း 

လူငယ်ဘုံရိပ်သာအတွက် ကျပ် ၂သိန်း ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ 



နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ 

ရည်ရွယ်ပြီး ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကို NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်ရဲ့

 မွေးနေ့ဖြစ်တဲ့ အခုနှစ် မတ်လ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းထူထောင်ခဲ့တာ ဖြစ်ပါတယ်။ 



ဖောင်ဒေးရှင်း အနေနဲ့ ဒီကနေ့အထိ ပြည်တွင်းပြည်ပက ထည့်ဝင်လှူဒန်းငွေ ကျပ်သိန်း (၁၈၀)

 လောက်ရရှိထားပြီး၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေကို သိန်း (၁၃၀) လောက်

 ထောက်ပံ့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။



Ref: RFA (Burmese)

0 comments:

Post a Comment