Pages

Thursday, July 12, 2012

လှိုင်သာယာမြို့နယ် အတွင်းက ကျူးကျော်အိမ်တွေကို ဖျက်သိမ်းပေးဖို့ မလိုက်နာတဲ့ အိမ်ပိုင်ရှင်တွေကို ထပ်မံ တရားစွဲဆို


Photo: ရန်ကုန် လှိုင်သာယာမြို့နယ် အတွင်းက ကျူးကျော်အိမ်တွေကို ဖျက်သိမ်းပေးဖို့ မြို့နယ် အိုးအိမ် ဦးစီးဌာနက လွန်ခဲ့တဲ့လက အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် မလိုက်နာတဲ့ အိမ်ပိုင်ရှင်တွေကို ထပ်မံ တရားစွဲဆို ခဲ့ရာမှာ မနေ့က လှိုင်သာယာ မြို့နယ် တရားရုံးမှာ စတင် တရား ရင်ဆိုင်နေရပါတယ်။ 

ဒီ ကျူးကျော်အိမ်တွေမှာ နေထိုင်သူ အများစုဟာ လှိုင်သာယာ စက်မှုဇုံတွေက အလုပ်သမားတွေနဲ့ ရွှေ့ပြောင်း အလုပ်သမား မိသားစုဝင်တွေ ဖြစ်ပါတယ်။ 

ကျူးကျော် အိမ်ပိုင်ရှင်တွေဟာ မြို့နယ်အဆင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေရဲ့ ခွင့်ပြုမိန့်နဲ့ ပ,လပ်မြေတွေမှာ ယာယီတဲတွေ ထိုးပြီး လွန်ခဲ့တဲ့ နှစ်အတော်ကြာ ကတည်းက အခြေချ နေထိုင်နေကြတာပါ။ 

အဲဒီလို နေထိုင်ခဲ့ကြရာမှာ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်အထိ ရပ်ကွက် အာဏာပိုင်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေကို မြေငှားရမ်း
 နေထိုင်ခအဖြစ် လစဉ်ကြေး တလ ၅ ထောင်ကျပ် ပေးခဲ့ကြရတယ်လို့ ကျူးကျော် အိမ်တွေမှာ နေထိုင်သူ မိသားစုတွေက ပြောပါတယ်။ 

အခုအခါမှာ ဒီ ပ,လပ်မြေတွေကို ပိုင်ဆိုင်တဲ့ မြေပိုင်ရှင်တွေက အိုးအိမ် ဦးစီးဌာနကို တိုင်ကြားပြီး အရေးယူပေးဖို့ တောင်းခံခဲ့တဲ့အတွက် အိုးအိမ် ဦးစီးဌာနနဲ့ ကျူးကျော် နေထိုင်သူတွေ အကြား တရား ရင်ဆိုင်ကြတာ
 ဖြစ်ပါတယ်။ 

လှိုင်ယာသာ စက်မှုဇုန်၊ ပန်းလှိုင် ဂေါက်ကွင်းအနီးမှာ တည်ရှိတဲ့ အဲဒီ
 ညောင်ရွာ ကျူးကျော်ရပ်ကွက်မှာ အိမ်ခြေ ၃ ထောင်ကျော် ရှိတယ်လို့လည်း သိရပါတယ်။

ရန်ကုန် လှိုင်သာယာမြို့နယ် အတွင်းက ကျူးကျော်အိမ်တွေကို ဖျက်သိမ်းပေးဖို့ မြို့နယ် အိုးအိမ် ဦးစီးဌာနက လွန်ခဲ့တဲ့လက အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် မလိုက်နာတဲ့ အိမ်ပိုင်ရှင်တွေကို ထပ်မံ တရားစွဲဆို ခဲ့ရာမှာ မနေ့က လှိုင်သာယာ မြို့နယ် တရားရုံးမှာ စတင် တရား ရင်ဆိုင်နေရပါတယ်။ 

ဒီ ကျူးကျော်အိမ်တွေမှာ နေထိုင်သူ အများစုဟာ လှိုင်သာယာ စက်မှုဇုံတွေက အလုပ်သမားတွေနဲ့ ရွှေ့ပြောင်း အလုပ်သမား မိသားစုဝင်တွေ ဖြစ်ပါတယ်။

ကျူးကျော် အိမ်ပိုင်ရှင်တွေဟာ မြို့နယ်အဆင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေရဲ့ ခွင့်ပြုမိန့်နဲ့ ပ,လပ်မြေတွေမှာ ယာယီတဲတွေ ထိုးပြီး လွန်ခဲ့တဲ့ နှစ်အတော်ကြာ ကတည်းက အခြေချ နေထိုင်နေကြတာပါ။

အဲဒီလို နေထိုင်ခဲ့ကြရာမှာ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်အထိ ရပ်ကွက် အာဏာပိုင်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေကို မြေငှားရမ်းနေထိုင်ခအဖြစ် လစဉ်ကြေး တလ ၅ ထောင်ကျပ်
 ပေးခဲ့ကြရတယ်လို့ ကျူးကျော် အိမ်တွေမှာ နေထိုင်သူ မိသားစုတွေက ပြောပါတယ်။

အခုအခါမှာ ဒီ ပ,လပ်မြေတွေကို ပိုင်ဆိုင်တဲ့ မြေပိုင်ရှင်တွေက အိုးအိမ် ဦးစီးဌာနကို တိုင်ကြားပြီး အရေးယူပေးဖို့ တောင်းခံခဲ့တဲ့အတွက် အိုးအိမ် ဦးစီးဌာနနဲ့ ကျူးကျော် နေထိုင်သူတွေ အကြား တရား ရင်ဆိုင်ကြတာဖြစ်ပါတယ်။

လှိုင်ယာသာ စက်မှုဇုန်၊ ပန်းလှိုင် ဂေါက်ကွင်းအနီးမှာ တည်ရှိတဲ့ အဲဒီညောင်ရွာ ကျူးကျော်
ရပ်ကွက်မှာ
 အိမ်ခြေ ၃ ထောင်ကျော် ရှိတယ်လို့လည်း သိရပါတယ်။


Ref: RFA (Burmese)

0 comments:

Post a Comment