Pages

Thursday, July 12, 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အစည်းအဝေးကို တတိယနေ့တတ်ရောက်


Photo: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို တတိယနေ့အဖြစ် ဒီကနေ့ တက်ရောက်ပါတယ်။

အစည်းအဝေး ခေတ္တ ရပ်နားချိန် သတင်းထောက်တွေက မေးမြန်းရာမှာ
ဒေါ်အောင်ဆန်းစုကြည်က.. သူ့အနေနဲ့ အခု ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေ အတွင်း အဆို တင်သွင်းအုံးမှာ မဟုတ်သေးသလို၊ တခြား လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အဆိုတွေကိုလည်း ထောက်ခံ
ဆွေးနွေးဖို့ မရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က.. မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် မစ္စတာ ဒဲရစ်မစ်ချယ်ကို အမေရိကန်
ပြည်ထောင်စုက ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မစ္စတာ ဒဲရစ်မစ်ချယ် ဟာ မြန်မာနိုင်ငံ အကြောင်း လေ့လာနှံ့စပ်သူ တဦး ဖြစ်တဲ့အတွက် လက်ခံနိုင်တဲ့ အရည်အချင်း ရှိသူဖြစ်တယ်လို့လည်း
ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာနေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို တတိယနေ့အဖြစ် ဒီကနေ့ တက်ရောက်ပါတယ်။


အစည်းအဝေး ခေတ္တ ရပ်နားချိန် သတင်းထောက်တွေက မေးမြန်းရာမှာဒေါ်အောင်ဆန်းစုကြည်က.. သူ့အနေနဲ့ အခု ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေ အတွင်း အဆို တင်သွင်းအုံးမှာ မဟုတ်သေးသလို၊ တခြား လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အဆိုတွေကိုလည်း ထောက်ခံဆွေးနွေးဖို့ မရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က.. မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် မစ္စတာ ဒဲရစ်မစ်ချယ်ကို အမေရိကန်ပြည်ထောင်စုက ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မစ္စတာ ဒဲရစ်မစ်ချယ် ဟာ မြန်မာနိုင်ငံ အကြောင်း လေ့လာနှံ့စပ်သူ တဦး ဖြစ်တဲ့အတွက် လက်ခံနိုင်တဲ့ အရည်အချင်း ရှိသူဖြစ်တယ်လို့လည်းဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

Ref: RFA (Burmese)

0 comments:

Post a Comment