Pages

Thursday, July 12, 2012

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းပြည့်မီမှုရှိမရှိ စိစစ်ရေးအဖွဲ့ ကို ယနေ့ဖွဲ့စည်းလိုက်ပြီ

လစ်လပ်နေသော ဒုတိယသမ္မတနေရာအတွက် တပ်မတော်သားကိုယ်စားလှယ်အဖွဲ့က အမည်စာရင်းတင်သွင်း ထားသည့် ပုဂ္ဂိုလ်အား အရည်အချင်းစိစစ်ရန် ပြည်ထောင်စုလွှတ်တော်နာယက၏ အကြောင်းကြားချက်အရ "နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းပြည့်မီမှုရှိမရှိစိစစ်ရေးအဖွဲ့" 
ကို ယနေ့ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

ထိုအဖွဲ့အတွက် ပြည်သူ့လွှတ်တော်မှရွေးချယ်ပေးလိုက်သည့် စိစစ်ရေးအဖွဲ့ဝင်မှာဟင်္သာတမဲဆန္ဒနယ်မှ ဦးဌေးဦး(ပြည်ခိုင်ဖြိုးပါတီ/အထွေထွေအတွင်းရေးမှူး)ဖြစ်ပြီး မလှိုင်မဲဆန္ဒနယ်မှ ဦးအေးမောက်က အဆိုတင်သွင်းကာ လယ်ဝေးမဲဆန္ဒနယ်မှ ဦးဌေးဝင်းကထောက်ခံခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကလည်း စိစစ်ရေးအဖွဲ့ဝင်တစ်ဦးကို မကြာမီ ရွေးချယ်ပေးမည်ဖြစ်ကြောင်းသိရသည်။

ထိုအဖွဲ့တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များမှ ဥက္ကဌ၊ ဒုဥက္ကဌများအပါအ၀င် အဖွဲ့ဝင် (၇)ဦးမျှပါဝင်မည်ဖြစ်ကြောင်းသိရသည်။
 
Ref: Popular Myanmar:

0 comments:

Post a Comment