Pages

Thursday, July 12, 2012

၂၀၁၃ (ဆီးဂိမ်း) အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ဇေယျာသီရိအဆင့်မြင့်အားကစားကွင်း တည်ဆောက်မှုလုပ်ငန်း(၈၀)ရာခိုင်နှုန်းကျော် ပြီးစီး



နေပြည်တော်ကောင်စီနယ်မြေ ပုပ္ပားကုန်းကျေးရွာ သိုက်ချောင်းအနီးရှိဇေယျာသီရိနိုင်ငံတကာအဆင့်မီ
အားကစားကွင်း မှာ(၈၀)ရာခိုင်နှုန်းကျော်တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မက်စ်မြန်မာဆောက်လုပ်ရေး
ကုမ္ပဏီကသိရှိရသည်။



“နိုင်ငံတကာအဆင့်မီဆောက်လုပ်နေတာဖြစ်တဲ့အတွက် အခုနှစ်အောက်တိုဘာလကုန်ပိုင်းလောက်မှာ အပြီးသတ် တည်ဆောက်နိုင်မယ်လို့မျှော်လင့်ပါတယ်”ဟု မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အဆိုပါ အားကစားကွင်းအား (၇၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဓိကလက်ခံကျင်းပနိုင်ရန်အတွက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းကမက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။


နေပြည်တော် ဇေယျာသီရိအဆင့်မြင့်အားကစားကွင်းကို အင်ဂျင်နီယာဌာန၊စီမံအုပ်ချုပ်မူဌာန၊ငွေစာရင်းဌာန၊အုတ်စက်ဌာ န၊ကျောက်ခွဲစက်ဌာန၊မော်တော်ယာဉ်ဌာန၊လုံခြုံရေးဌာန၊စသည်တို့အတွက် မက်စ်မြန်မာကုမ္ပဏီမှဝန်ထမ်း(၉၃) ဦး၊ နေ့စားဝန်ထမ်း (၄၁)ဦးအနေဖြင့်  ယာဉ်၊စက်၊ယန္တရားကြီးများဖြင့် နေ့/ညမနား သက်မှတ်ချိန်အမီပြီးစီးရေးကြိုးပမ်းတည် ဆောက်လျက်ရှိကြောင်း မက်စ်မြန်မာကုမ္ပဏီက သိရှိရသည်။


ပွဲကြည့်စင်အပါအ၀င် ဘောလုံးကွင်း (၃၂) ဧက ၊ ဘောလုံးကွင်းနှင့်ယာဉ်ရပ်နားကွင်း (၁၃၄) ဧက၊ လေ့ကျင့်ရေးကွင်း ၂၂ ဧက အားကစားရုံး (၂၁)ဧကစီကျယ်ဝန်၍  ပွဲကြည့်ပရိသတ် သုံးသောင်းကျော် ၀င်ရောင်းကြည့်ရှုနိုင်မည့် အားကစားကွင်း    ဆောက်လုပ်နေခြင်း ဖြစ်သည်။


နိုင်ငံတကာအဆင့်မီ ဇေယျာသီရိအဆင့်မြင့်ဘောလုံးကွင်းတွင် မြေညီထပ်(ပထမထပ်)သည် စတုရန်းမီတာ ၄၅၆၉၀၊ (ဒုတိယထပ်) သည် စတုရန်းမီတာ ၉၂၀၀၊တတိယထက်သည် စတုရန်းမီတာ ၂၃၀၀ ၊ ကျယ်ဝန်းပြီး၍  အထပ်တိုင်းတွင် ပြခန်းများ ၊စားသောက်ခန်းများ၊ ရုံးခန်းများ၊ အစည်းအဝေးခန်းမများ၊ မီဒီယာခန်း၊အားကစားခန်းများ စသည်ဖြင့် ပါဝင် ကြောင်း သိရှိရသည်။


၂၀၁၃ (ဆီးဂိမ်း) အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် နေပြည်တော်တွင်ဇေယျာသီရိအဆင့်မြင့်အားကစားကွင်း နှင့် ဇမ္မူသီရိအားကစားကွင်းတွင်ပြိုင်ပွဲများ ယှဉ်ပြိုင်သွားမည်ဖြစ်သလို ရန်ကုန်၊မန္တလေးနှင့်ဧရာဝတီတိုင်းရှိ ကမ်းခြေ ဒေသများတွင် အားကစားနည်း( ၃၂)မျိုးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအရေအတွက်(၄၅၈)ပွဲ ကျင်းပသွားမည်ဖြစ်သည်။

Ref: မြစ်မခသတင်း


0 comments:

Post a Comment