Pages

Thursday, July 12, 2012

Global Cyberlympics ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည်


 

ပထမဦးဆုံးအကြိမ်အဖြစ် Global Cyberlympics ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည်ဟု Network နှင့် Security ကိုအထူးပြုသင်ကြားနေ သော MST ကွန်ပျူတာစင်တာမှ ဦးအောင်ဇော်မြင့်ကပြောသည်။ 



EC.Council နှင့် ITU တို့ပူး ပေါင်းကျင်းပသည့် နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ ၃ သောင်းခန့်ပေးအပ်လေ့ရှိကြောင်းသိရသည်။ “ကျွန်တော်တို့ ခြေစစ်ပွဲဝင်ပြိုင်မယ်။ နိုင်ရင်
ဆက်ပြိုင်ရမှာပဲ။ အခုစခန်းသွင်းလေ့ကျင့်မှုတွေလုပ်နေတယ်”ဟု ဦးအောင်ဇော်မြင့်ကဆိုသည်။

နိုင်ငံတကာအဆင့် Cyberlympics ပြိုင်ပွဲကို လေးကြိမ်ခန့်ကျင်း ပခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်အတွင်းပထမဦးဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ အပိုင်းသုံးပိုင်းဝင်ပြိုင်ရမှာပါ။ ပထမပိုင်းက နှောက်ယှက်ဖျက်ဆီးတဲ့အပိုင်းပါ။ ဒုတိယပိုင်းက လုပ်ကိုင်ဆောင်ရွက်ချက်တွေကို ပြန်လည်စစ်ဆေးတဲ့အပိုင်းပါ။ သဘောကတော့ ကိုယ်ချည်လိုက်တဲ့ကြိုးက ဘယ်လောက်ခိုင်လဲမခိုင်ဘူးဆိုတာ ပြန်လည်စစ်ဆေးတဲ့သဘောပါ။ တတိယအပိုင်းက နှောက်ယှက် ဖျက်ဆီးတဲ့အပိုင်းကို ကာကွယ်တဲ့အပိုင်းဖြစ်ပါတယ်”ဟု၎င်းကပြောသည်။ 




ပြိုင်ပွဲသက်မှတ်ချက်အရ ဒေသတွင်းနိုင်ငံများနှင့် ဦးစွာယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိခဲ့ပါက အခြားသော ဒေသတွင်းနိုင်ငံများမှ အနိုင်ရရှိခဲ့သည့်အသင်းများနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။ 


“ပြိုင်ပွဲကတစ်ချိန်တည်း၊ တစ်ပြိုင်တည်း အွန်လိုင်းပေါ်မှာယှဉ်ပြိုင်တဲ့သဘောပါ။ ဒေသတွင်း ပြိုင်ပွဲတွေမှာတော့ အွန်လိုင်းကနေပဲ ပြိုင်ကြမှာပါ။ ဗိုလ်လုပွဲဆိုရင်တော့ ပြည်ပထွက်ပြိုင်ရမယ်
ထင်တယ်”ဟု ဦးအောင်ဇော်မြင့်ကဆိုသည်။

မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ရောက်မည့် လူဦးရေ ၆ ယောက်အဖွဲ့သည် သြဂုတ်လအတွင်းပထမဦးဆုံးသော ပြိုင်ပွဲကိုယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ သြဂုတ်လကုန်ပိုင်း၌ ဒုတိယအကြိမ်ထပ်မံယှဉ်ပြိုင်ရမည်ဖြစ် သည်။ 


ဗိုလ်လုပွဲကိုမှု စက်တင်ဘာလအတွင်းယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယှဉ်ပြိုင်မှုများပြုလုပ်ဆောင်ရွက်နိုင်ရန်အတွက် အင်တာနက်အမြန်နှုန်များနှင့် လေ့ကျင့်မှုများကိုပြုလုပ်ဆောင်ရွက်နေကြသည်ဟု ပြိုင်ပွဲဝင်မည့်သူကပြောသည်။

 ၂၀၁၁ ခုနှစ် Global Cyberlympics ပြိုင်ပွဲတွင် ဒေသတွင်းနိုင်ငံများ၌ မလေးရှားနိုင်ငံမှဆုရရှိခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာပြိုင်ပွဲ၌ နယ်သာလန်နိုင်ငံမှဆုရရှိခဲ့သည်။ “ပြိုင်ပွဲမှာ ၁၈ နှစ်အထက်ပြိုင်ပွဲ နဲ့ ၁၃ နှစ်အောက်ပြိုင်ပွဲဆိုပြီး နှစ်မျိုးရှိသေးတယ်။

 နောက်နှစ်ဆိုရင်  ၁၃ နှစ်အောက်ပြိုင်ပွဲကို မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်နိုင်အောင်လေ့ကျင့်ပေး
သွားဖို့စဉ်းစား ထားတယ်။ လွယ်တော့မလွယ်ဘူး”ဟု ဦးအောင်ဇော်မြင့်ဆိုသည်။

Ref:  Internet Journal

0 comments:

Post a Comment