Pages

Saturday, July 14, 2012

အောင်မြင်သော တေးသီချင်းများ၏ နောက်ကွယ်က

e5151

ယနေ့ခေတ်အခါကို အိုင်တီခေတ်လို့ ခေါ်ဆိုကြပါတယ်။ အရာရာဟာ အရှိန်အဟုန်နဲ့ အလျင်အမြန် ရွေ့လျားနေကြပါတယ်။ ဒီလျင်မြန်မှုတွေနောက်ကို လူတွေဟာ အမီလိုက်ရင်း အလုပ်တွေရှုပ်ရင်းနဲ့ပဲ နေ့ရက်တွေဟာ ကုန်လွန်ကြရပြန် ပါတယ်။ ဒီတစ်ပတ်မှာတော့ အရမ်းအလုပ်ရှုပ်တဲ့ ကောင်မလေးတစ် ယောက်ရဲ့ အချစ်ဇာတ်လမ်း အကြောင်း ရေးဖွဲ့သီကုံးထားတဲ့ တေးသီချင်းလေးတစ်ပုဒ် အကြောင်းကို အောင်မြင်တဲ့ တေးသီချင်းနောက်ကွယ်ကဏ္ဍမှာ တင်ဆက်ပေးဖို့ ရွေး ချယ်ထားပါတယ်။

အလုပ်တွေ ရှုပ်လွန်းလို့ အိပ်မက်နဲ့ လက်တွေ့ဘ၀မခွဲခြားနိုင်ဘဲ ဖြစ်သွားရတဲ့ အဖြစ်အပျက်လေးနဲ့ ဒီသီချင်းလေးရဲ့အမည်ကတော့ ‘ နမော်နမဲ့’ ပါ။ ဆယ်စက္ကန့် တေးစီးရီး ခွေထဲက တေးရေး ရွှေဂျော်ဂျော် ရေးစပ်ထားပြီး တေးဆိုရေဗက္က၀င်း သီဆိုထားတဲ့ တေးသီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
မြှုပ်ကွက်လေးတစ်ခုကို ထည့်သွင်း ရေးစပ်ထားတာဖြစ်တယ်လို့ သိရတဲ့ ဒီသီချင်းလေး စတင်မြစ်ဖျား ခံတာကတော့ Closer ဇာတ်ကား ရဲ့ ကြော်ငြာစာတန်းလေးဖြစ်ပါ တယ်။ Love is accident ဆိုတဲ့ စာသားလေးကနေ ဒီသီချင်းလေးစတင် ဖြာထွက်လာတာလို့ တေးရေးသူက ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ‘နမော်နမဲ့’ သီချင်းလေးဟာ နားဆင်သူကို ရယ်မော ပျော်ရွှင်စရာနဲ့ စိတ်ကူးယဉ် ဆန်တဲ့ နိုင်ငံခြား ဇာတ်ကားတစ်ကား ကြည့်ရသလိုဖြစ်အောင် ရည်ရွယ်ပြီး ရေးစပ်ထားတာ ဖြစ်တယ်လို့ တေးရေးသူက ဆိုပါတယ်။
“ ဒီသီချင်းကို STA  တေးထုတ်လုပ်ရေးအတွက် ကိုမိချောက လာအပ်တာ။ အဲဒါနဲ့ စဉ်းစားတော့ ပုံစံ တစ်ခုကို သွားတွေ့တယ်။ အရမ်း အလုပ်များတဲ့ ကောင်မလေးက အမှတ်မထင်အချစ်ကို တွေ့ရှိသွားတဲ့ ပုံစံမျိုးလေးပေါ့။ ဒါပေမယ့် အဲဒီမှာ မြှုပ်ကွက်သဘောမျိုးလေး ထည့်ထားတာတစ်ခုက အလုပ်တွေ အရမ်းရှုပ် နေတဲ့ စနေနေ့မှာ ကောင်မလေးဟာ ကောင်လေးကိုတွေ့သွားတယ်။ မြင်မြင်ချင်းချစ်သွားတယ်။

 ဒါပေမယ့် နောက်တစ်ပတ် သောကြာနေ့မှာတွေ့ တဲ့အခါ ကောင်လေးလက်ကို ဆွဲပြီး ကော်ဖီဆိုင်ထဲထိုင်တဲ့အခါမှ ကောင်လေးနာမည်ကိုမသိသေးတဲ့ ကောင်မလေးရဲ့အဖြစ်။ဘာဖြစ်လို့လဲဆိုတော့ ကောင်မလေးက အရမ်းအလုပ်ရှုပ်တော့ လက်တွေ့ဘ၀နဲ့ အိပ်မက်ကို မခွဲခြားနိုင်အောင် ဖြစ်သွားတာ။ တကယ်တော့ စနေနေ့က တွေ့တယ်ဆိုတာ အိပ်မက်ဖြစ်နေတာ။ အဲဒီလိုမျိုးလေး သီချင်းထဲမှာ မြှုပ်ထားတာပါ” လို့ ရွှေဂျော်ဂျော်က’နမော်နမဲ့’ သီချင်းနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

နမော်နမဲ့သီချင်းရဲ့ တေးဆိုသူ ရေဗက္က၀င်းကလည်း “ဒီသီချင်း ကို ကိုယ်ကလည်းကြိုက်တယ်လေ။ ဒီသီချင်းထဲမှာ ‘အရမ်းပဲ ချစ်မိသွားတယ်.. Love is accidental ဆိုတဲ့နေရာကို အကြိုက်ဆုံးပါပဲ။ သီချင်းနဲ့ ပတ်သက်ပြီး အမှတ်တရဆိုရင်တော့ ဒီသီချင်းအတွက် ကောင်မလေးက နမော်နမဲ့ပုံစံဆိုတော့ အ၀တ်အစား ကိုရေဗက္ကက ဘောင်းဘီတစ်ဖက်၊ စကတ်တစ်ဖက် ချုပ်လိုက်တယ်။ အဲဒီလိုဝတ်ပြီးထွက်လာတော့ တချို့ ကလည်း ဘယ်လိုကြီးလဲပေါ့။ တချို့ကတော့မိုက်တယ်ဆိုပြီး ကောင်းတာ ရော၊ဆိုးတာရော ပြောတာခံခဲ့ရဖူး တယ်”လို့ ပြောပြခဲ့ပါတယ်။

အလုပ်တွေ တအားရှုပ်နေတဲ့ ကြားက အချစ်ကိုတွေ့ရှိသွားတဲ့ ကောင်မလေးတစ်ယောက်၊ အဲဒီ နမော်နမဲ့ ကောင်မလေးကို ချစ်မိသွားတဲ့ ကောင်လေးတစ်ယောက် အကြောင်းတွေကို ထည့်သွင်းရေး စပ်ထားတဲ့ ‘နမော်နမဲ့’ သီချင်းလေး မှာတေးရေးသူက အဓိကပေးချင်တဲ့ message လေးရှိပါသေးတယ်။ အဲဒါကတော့ ‘အချစ်ဆိုတာကားတိုက် ခံရသလိုပါပဲတဲ့။ မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်တဲ့ပုံသဏ္ဍာန်နဲ့ ကိုယ့်ဆီဝင်လာတတ်တယ်’ ဆိုတာ ကိုတင်ပြရင်း အောင်မြင်တဲ့တေးသီချင်း နောက်ကွယ်ကဏ္ဍကို အဆုံးသတ် လိုက်ပါတယ် ...။ 

Ref: Eleven Media:

0 comments:

Post a Comment