လူသားတို့သည် စကားကိုပြောတတ်ပြီးနောက် နှစ်ပေါင်းများစွာကြာမြင့်ပြီးမှ စာအရေးအသားကို တီထွင်ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် စကား(အပြော)သည် စာ(အရေးအသား)ထက် နှစ်ပေါင်းများစွာစော၍ ပေါ်ပေါက်ခဲ့သည်။
သို့ဖြစ်၍ ဘာသာစကားဟု ပြောဆိုလျှင် အပြော (စ ကားသံ)ကို ရည်ညွှန်းမှုဖြစ်ကြောင်း၊ စာ (အရေးအသား)ဟုဆိုလျှင် အပြော(စကားသံ)များကို မြင်သာအောင် မှတ်တမ်းတင်ထားမှုဖြစ်ကြောင်း ဘာသာဗေဒနှင့် သဒ္ဒဗေဒပညာရှင်များက မိန့်ဆို သတ်မှတ်ခဲ့ကြသည်။
အပြောနှင့်အရေး၊ စကားနှင့်စာတို့၏ အနှစ်သာရကို အမေရိကန်ဘာသာ ဗေဒပညာရှင်ကြီးတစ်ဦးဖြစ်သော လီအိုနတ်ဘလွမ်းဖီးက ''စာအရေးအသားသည် ဘာသာစကား(အပြော)မဟုတ်။ ဘာသာစကားကိုမြင်သာအောင် အမှတ်အသားများဖြင့် မှတ်တမ်းတင် ထားခြင်းဖြစ်သည်''ဟူ၍ မိန့်ဆိုခဲ့သည်။

အပြောနှင့်အရေးဘာသာစကားနှင့် စာပေအရေးအသားသည် ယှဉ် တွဲဆက်နွယ်နေသော်လည်းမတူခြား နားသည့်အသွင်ကိုဆောင်နေသည်။ အပြော (စကားသံ) သည် အသံသ ဘောမျသာဖြစ်၍ အကောင်အထည် အထင်အရှားမရှိပေ။ ပြောဆိုပြီး သည်နှင့် တပြိုင်နက်ပျောက်ကွယ် သွားတတ်သည်။ နေရာဝေးလွန်း လျင်လည်းကြားနိုင်စွမ်းမရှိပေ။ ထို့ ကြောင့် အပြော (စကားသံ) ကို အ ချိန်ကြာကြာခံအောင်ထိန်းသိမ်းထား ၍မရနိုင်။ နေရာဝေးဝေးသို့ရောက် အောင်လည်းပို့ပေး၍မရနိုင်ပေ။ ကမ္ဘာ ဦးအစလူသားတို့သည်ကျောက်ပြား၊ သစ်ခေါက်နှင့်ရွံ့စေးပြားများပေါ်တွင် ထင်သာမြင်သာသောအမှတ်အသား များကိုသင်္ကေတအဖြစ်ရေးခြစ်မှတ် တမ်းတင်လျက်စကားသံအပြောကိုစာ အရေးအသားအဖြစ်ဖန်တီးခဲ့ကြသည်။
ပညာရှင်များ၏အဆိုအမိန့်အရ ကမ္ဘာပေါ်တွင်ပြောဆိုသုံးစွဲနေသော ဘာသာစကားပေါင်းခုနစ်ထောင်ကျော် ခန့်ရှိပြီးယခုအချိန်တိုင်အောင်အပြော (စကား)သာရှိပြီး အရေး (စာပေအ ရေးအသား) မရှိသေးသော နိုင်ငံနှင့် လူမျိုးများရှိနေသေးသည်ဟုသိရှိရ သည်။ ထိုနည်းတူ ကမ္ဘာပေါ်တွင် စာအရေးအသားအမျိုးမျိုးသည် ပထ၀ီအနေအထား၊ ယဉ်ကျေးမှုအရ အမျိုးမျိုးရေးသားမှတ်တမ်းတင်နေ ကြသော်လည်း အခြေခံအားဖြင့် ရုပ်ပုံ၊ စိတ်ကူးအရေးအသား(သာဓက - တရုတ်၊ ကိုရီးယား၊ ဂျပန်)နှင့် ဗျည်း သရစုအက္ခရာအရေးအသား(သာဓက -မြန်မာ၊ အင်္ဂလိပ်)ဟူ၍ နှစ်မျိုးသာရှိ သည်ဟုအဆိုအမိန့်ပြုခဲ့ကြသည်။

အပြော (စကား)နှင့်အရေး(စာပေ)သည် ခွဲခြား၍ မရနိုင်အောင် ဒွန်တွဲနေသော်လည်း မတူခြားနားသည့် အသွင်ကို ဆောင်နေသည်။ စကားပြောခြင်းနှင့် စာရေးခြင်းတို့၏ ဒွန်တွဲမှု၊ မတူခြားနားမှုသဘောကို ဆရာဇော်ဂျီက -
စာရေးခြင်းသည် စကားပြောခြင်းနှင့် ဆက်နွယ်နေသည်။ စာရေးခြင်းကို အဘယ်ကြောင့် ပြုသနည်းဟုမေးလျှင် စာရေးသူ၏ စိတ်ထဲ၌ရှိသော အနက်သဘောကို သူတစ်ပါး၏ နားနှင့်စိတ်တို့သို့ ရောက်အောင် ပို့ချင်သောကြောင့် ပြုသည်ဟု ဖြေရပေလိမ့်မည်။ ထိုနည်းတူ စကားပြော ခြင်းကို အဘယ်ကြောင့်ပြုသနည်းဟုမေးလျှင်လည်း ပြောသူ၏စိတ်ထဲ၌ရှိသော အနက်သဘောကို သူတစ်ပါး၏ နားနှင့်စိတ်တို့သို့ ရောက်အောင်ပို့ချင်သောကြောင့် ပြုသည်ဟုပင် ဖြေရပေလိမ့်မည်။ စာရေးခြင်းဆိုသည်မှာ အရာဝတ္ထုတစ်ခုခုပေါ်၌ ရေးခြစ်ခြင်းဖြစ်၍ စကားပြောခြင်းဆိုသည်မှာ နှုတ်၊ အာ၊ လျှာတို့ကို လှုပ်ရှားရခြင်းဖြစ်ရာ ပြုပုံချင်းသာကွဲသည်။ ရည်ရွယ်ချက်ခြင်းက အတူတူပင်ဖြစ်သည်ဟူ၍ အဆိုအမိန့်ပြုခဲ့သည်။
ဆရာဇော်ဂျီက စကားပြောဆိုခြင်းနှင့် စာရေးသားခြင်းတို့၏ တူညီသောအချက်များ၊ မတူညီသောအချက်များတို့ကို မြန်မာစကားပြေ၏ အပြောနှင့်အရေးဆိုင်ရာ အဆိုအမိန့် ဟောပြောချက်စာတမ်းတွင် ဤသို့ ဆွေးနွေးတင်ပြ မိန့်ကြားခဲ့သည်။

စကားပြောဆိုခြင်းနှင့် စာရေးသားခြင်းတို့၏ တူညီသောအချက်မှာ စကားပြောသည်ဖြစ်စေ၊ စာရေးသည်ဖြစ်စေ ရည်ရွယ်ချက်ရှိခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မရှိဘဲ မည်သူမျှ စကားပြောမည်မဟုတ်။ ရည်ရွယ်ချက်မရှိဘဲ စကားပြောသူသည် စိတ်မနှံ့သူကဲ့သို့ ဖြစ်နိုင်သည်။ ရည်ရွယ် ချက်မရှိဘဲ စာရေးသူသည်လည်း ထိုအတိုင်းပင် ဖြစ်နိုင်သည်။
စကားပြောသည်ကို အမှတ်တမဲ့ ပေါ့ပေါ့ဟု ထင်မြင်တတ်ကြသည်။ အမှန်မှာ မိမိပြောနေသည့်စကားကို မိမိနားကကြားနေရ၍ သိရှိကာ ထိုအသိကြောင့် မိမိ၏ ရည်ရွယ်ချက်သို့ ရောက်အောင်ပြောသွားနိုင်စွမ်း ရှိသည်။ စာရေးသားရာတွင်လည်း စကားပြောသကဲ့သို့ပင် နားကကြားနေ၍ ရေးနေခြင်းဖြစ်သည်။ နားကကြားပြီး ရေးနေသည်ကို မျက်စိဖြင့်ကြည့်၍ ရေးသည်မဟုတ်ပါလားဟု မေးနိုင်သည်။ သာမန်အားဖြင့် မျက်စိနှင့်ကြည့်၍ ရေးနေပါသည်ဟု ဖြေရမည်ဖြစ်သည်။ ဤသို့မဟုတ်ဘဲ ရေးနေသည့်အချိန်အတွင်း၌ ကိုယ့်စကားကို ကိုယ်ကြား နေခြင်းပင်ဖြစ်သည်။ စိတ်နားဖြင့် ကြားနေခြင်းဖြစ်သည်။
ပရိသတ်များအတွက်မူ စကားပြောသည်ကို နားထောင်ရခြင်းနှင့် စာအရေးအသားကို ဖတ်ရခြင်းတို့၌ မတူသောအချက်များကို သိရှိနိုင်သည်။ နားထောင်နေသူသည် အနည်းဆုံး စကားပြောသူ၏အသံကို ကြားနေရသည်။ စာဖတ်နေသူသည် စာရေးဆရာ၏အသံကို လုံးဝမကြားရပေ။ သို့ရာတွင် စာရေးဆရာကဲ့သို့ပင် စာဖတ်သူတို့တွင်လည်း စိတ်နားရှိသဖြင့် စာဖတ်သူ၏ စိတ်နားဖြင့် ကြားနိုင်အောင် စာရေးဆရာကလည်း စာရေးသည့်အခါ စိတ်နားဖြင့် ရေးရသည်။

စကားပြောဆိုခြင်းနှင့် စာရေးသားခြင်းတို့၏ တူညီသော အချက်မှာ စကားပြောသည်ဖြစ်စေ၊ စာရေးသည်ဖြစ်စေ ရည်ရွယ်ချက်ရှိခြင်းဖြစ်သည်။ ရည်ရွယ်ချက်မရှိဘဲ မည်သူမျှ စကားပြောမည် မဟုတ်။ ရည်ရွယ်ချက်မရှိဘဲ စကားပြောသူသည် စိတ်မနှံ့သူကဲ့သို့ ဖြစ်နိုင်သည်။ ရည်ရွယ်ချက်မရှိဘဲ စာရေးသူသည်လည်း ထိုအတိုင်း ပင်ဖြစ်နိုင်သည် ... |
စာကောင်းပေကောင်း ရေးတတ်မှု ရှိ၊ မရှိ။ စကားပြော ကောင်း၊ မကောင်းတို့သည် စကားပြောကောင်း သူ၊ ဟောပြောသူ၊ စာရေးသူတို့၏ သက်သေ၊ အကြည့်အရှု၊ အမှတ်အသား စသည်တို့တွင် တည်မီလျက်ရှိသည်။ ထိုအချက်တို့သည် သင်ယူ၍ရသောကိစ္စမျိုး မဟုတ်ပေ။
အချီအချစကားမျိုး ရေးသားရာတွင် ပြောသံ(စကားသံ)အတိုင်း ရေးကြသည်မှာသဘာဝကျသည်ဟုဆိုနိုင် သော်လည်း ဆောင်းပါးများ၊ စာ တမ်းများရေးကြရာတွင်မူ ပြောသံ (စကားသံ) အတိုင်းမဟုတ်ဘဲ ပြော ဟန် (စာရေးဟန်)အတိုင်းသာရေး သင့်သည်ဟုထင်မြင်မိသည်။ မြန်မာ စကား၏သဘာဝစည်းကမ်းတစ်ခု မှာ ရေးလျင်အမှန်၊ ဖတ်လျင်အသံ ဟုဆိုသဖြင့် နေရာတကာတွင် ပြော သံ (စကားသံ)အတိုင်းရေးဖို့လိုမည် မထင်ပေ။ သာဓကအားဖြင့် - လမ်း လျောက် သည်ကို လမ်းရှောက် ဟု လည်းကောင်း၊ စားပါ ကို စားဘာ ဟုလည်းကောင်း ပြောသံ(စကားသံ) အတိုင်းရေးသားခဲ့လျင် ဖတ်ရှုရသော စာဖတ်ပရိသတ်တို့နှင့် ပြဿနာပေါ် နိုင်သည်။ ဆင်ခြင်ကြည့်ကြစေချင် ပါသည်ဟူ၍ ဖော်ပြခဲ့သည်။
အပြော(စကား)နှင့် အရေး (အရေးအသား)တို့၏ မတူညီမှုကိုလည်း ပြောခြင်း၏ ရည်ရွယ်ချက်နှင့် ရေးခြင်း၏ ရည်ရွယ်ချက်တို့သည် တူသော်လည်း ပြောခြင်းအလုပ်နှင့် ရေးခြင်း အလုပ်တို့သည် မတူညီ။ ပြောသော အလုပ်သည် အနည်းဆုံးနားထောင်သူတစ်ဦးအနီးတွင် ရှိရန်လိုသည်။ ပြောသူကပြောသောအခါ နားထောင်သူသည် အသံနေ၊ အသံထားကို လည်းကောင်း၊ မျက်နှာကိုယ်ဟန် အမူအရာကိုလည်းကောင်း ကြားလည်း ကြားရ၊ မြင်လည်း မြင်နေရသည်။ ထိုအခါ ပြောသူ၏ အသံအကူအညီဖြင့် နားထောင်သူသည် ပြောသူ၏ ဆိုလို ရင်းကို အလွယ်တကူ နားလည်နိုင်သည်။
ရေးသူအတွက်တွင်မူ ထိုသို့ မဟုတ်ပေ။ ရေးသူတစ်ဦးတည်း ရှိနေလျှင်လည်း ထိုင်ရေး၍ဖြစ်နိုင်သည်။ သူ၏ စာဖတ်ပရိသတ်သည် သူ၏အသံ၊ သူ၏ အမူအရာတို့ကို ကြားနေရ၊ မြင်နေရသည် မဟုတ်ပေ။ ထို့ကြောင့် ပြောသံ (စကားသံ) နှင့် ပြောဟန် (စာရေးဟန်)တို့ကို ခွဲခြား၍ သိသင့်၊ သုံးသင့်ပါသည်ဟူ၍ ဖော်ထုတ်တင်ပြခဲ့ပြီး အပြော(စကား)နှင့် အရေး (စာပေအရေးအသား)တို့ကို ခွဲခြား၍ အပြော(စကား)ကို အပြောစကားပြေဖြင့် ရေးသားရန်၊ စာပေအရေးအသားကို စကားပြေ ရေးဟန်ဖြင့်ရေးသားရန် အထူးသဖြင့် စကားပြေ အ ရေးအသားကို စကားပြောဖြင့် ရေးသားမှုများထက် အပြောစကားကို အပြောဟန်၊ အရေးအသားကို အရေးဟန်ဖြင့် အပြောနှင့်အရေးကို သူ့နေရာနှင့်သူ အံဝင်ခွင်ကျ ရေးသားပြောဆိုရန် အဆိုအမိန့်ပြုခဲ့သည်။
ထိုနည်းတူ မျက်မှောက်ခေတ်တွင် မြန်မာစာပေလောက၏ သက်ရှိ ထင်ရှားရှိနေသော ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ကလည်း အပြော(စကား)နှင့်အရေး(စာပေအရေးအသား) တို့၏ သဘောသဘာဝခြားနားပုံကို စကားပြေသဘောတရား၊ စကားပြေ အတတ်ပညာစာအုပ်တွင် ဤသို့ မှတ်သားနည်းယူဖွယ် လမ်းညွှန်မိန့်ဆိုခဲ့သည်။
စကားကိုစာဖြင့်ရေး၍ မှတ်တမ်းတင်နိုင်သည်ဟု ယေဘုယျအားဖြင့် ဆိုသော်လည်း လူတစ်ယောက်ပြောသည့်စကားကို သူပြောပုံအတိုင်း တိတိကျကျ ရေးမှတ်ဖို့ အလွန်ခဲယဉ်းပါသည်။ စကားပြောသောအခါ သူ၏အသံသည် နိမ့်သည့်နေရာတွင်နိမ့်သွား လိုက် မြင့်သည့်နေရာတွင် မြင့်သွားလိုက် ရှိမြဲဖြစ်ပါသည်။ လေးလေးနက်နက် ဖိ၍ပြောသောနေရာမျိုးရှိသကဲ့သို့ ပေါ့ပေါ့လေးဖော့၍ ပြောရသည့် နေရာမျိုးလည်း ရှိပါသည်။ ထို့ကြောင့် ပြောပုံအတိုင်းစသဖြင့် တိတိကျကျ ရေးမှတ်၍ မရနိုင်ဟု ဆိုရခြင်းဖြစ်ပါ သည်။ အပြောတွင် ပါဝင်သည့် အသံ အနိမ့်၊ အမြင့်၊ အလေး၊ အပေါ့သဘောများကို အရေးတွင် မတွေ့နိုင်ပါ။

အပြောသည် စာနှင့်ပေနှင့် ခိုင်ခိုင်မာမာ မှတ်တမ်းတင်ထားသည့်အရေးထက် ပြောင်းနှုန်းပိုမြန်သည်။ အပြောပြောင်းသလောက် အရေးကမီအောင် လိုက်မပြောင်းသည့်အတွက် အပြောနှင့်အရေးသည် အသွင်ချင်း ခြားနားနေသည်။
မျက်မှောက်ခေတ်တွင် အပြောစကားနှင့် စာအရေးအသားကို သူ့နေရာနှင့်သူ အလျဉ်းသင့်သည်နှင့်အမျှ အသုံးပြုပြောဆို၊ ရေးသားလျက်ရှိသည်။ စကားပြောဟန်နှင့် ပို၍နီးစပ်စေလိုသော နေရာမျိုးတွင် အပြောစကားပြေကို သုံးစွဲလေ့ရှိပြီး စာဟန်ပေ ဟန်နှင့် ပို၍နီးစပ်စေလိုသော နေရာမျိုးတွင် အရေးအသားစကားပြေကို သုံးစွဲလေ့ရှိသည်။ ထို့ကြောင့် အပြော (စကား) နှင့် အရေး (စာ) တို့သည် ယှဉ်တွဲနေသော်လည်း မတူခြားနားသော အသွင်လက္ခဏာမျိုးရှိသောကြောင့် အပြောတွင် စကားဟန်ဖြင့် ရေးသား၍ အရေးတွင်မူ စာ စကား ပြေဟန်ဖြင့်ရေးသားကြရန်၊ အပြော ဟန်ဖြင့်ရေးခြင်းထက် ပြောဟန်နှင့် ရေးဟန်တို့ကို သူ့နေရာနှင့်သူ အံဝင် ခွင်ကျပြောဆိုရေးသားခြင်းသည် ရေးလျင်အမှန် ဖတ်လျင်အသံဟူ သော မြန်မာမှုဆိုရိုးစကား၏ဥပဒေ နှင့်ကိုက်ညီနေသော မြန်မာမှုရေးထုံး အစဉ်အလာဖြစ်သည်ဟူ၍ မြန်မာစာပေပညာရှင်အများစုက လက်ခံမိန့်ဆိုခဲ့ကြသည်။

ကျမ်းကိုး -
၁။ စကားပြေသဘောတရား၊ စကားပြေ အတတ်ပညာ(မောင်ခင်မင်-ဓနုဖြူ)
၂။ မြန်မာစကားပြေ အပြောနှင့်အရေး အဆိုအမိန့် ဟောပြောချက်(ဆရာ ဇော်ဂျီ)

Ref: Eleven Media Group:
0 comments:
Post a Comment