Pages

Saturday, July 14, 2012

မိတ္ထီလာခရိုင် မလိုင်မြို့နယ်အတွင်းရှိ သိမ်းဆည်းထားသောလယ်ဧကများအား ပိုင်ရှင်လယ်သမားများထံသို့ ကောင်းကင် ကုမ္ပဏီက ပြန်လည်ပေးအပ်မည်


မိတ္ထီလာခရိုင် မလိုင်မြို့နယ်အတွင်းရှိ သိမ်းဆည်းထားသောလယ်ဧကများအား ပိုင်ရှင်လယ်သမားများထံသို့ ကောင်းကင် ကုမ္ပဏီက ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ပြည်သူ့အကျိုးဆောင်ကွန်ယက်က သိရှိရသည်။



 “၁၇ ရက်နေ့ရောက်ရင် ကုမ္ပဏီက တာဝန်ရှိသူတွေလာပြီးတော့ မြေကွက်တွေတိုင်းပြီး ပိုင်ဆိုင်တဲ့သူတွေကို လယ်သမားတွေကိုပြန်ပေးသွားမယ်လို့ ပြောတယ်ဟု ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေါ်မြင့်မြင့်အေးကပြောသည်။


ကောင်းကင်ကုမ္ပဏီမှ မလိုင်မြို့နယ် ဦးပြွန်ကန်ကျေးရွာရှိ သိမ်းဆည်းထားသော မြေဧကများထဲတွင် ဦးကျော်ဝင်း ပိုင်ဆိုင် သည့် လယ် (၈)ဧက အား တိုက်တန်သည့် လျော်ကြေးငွေ (သို့မဟုတ်) မြေဧက အစားတိုးပေးအပ်နိုင်ရန် ညှိနိုင်းမူများ ဆောင်ရွက်ရန် စီစဉ်နေကြောင်းကိုလည်း သိရှိရသည်။


 “ဦးကျော်ဝင်းပိုင်တဲ့ လယ်()ဧကကိုတော့ ကုမ္ပဏီအတွက် အချက်အချာကျလို့ဆိုပြီး ယူထားတယ်။ ကျန်တဲ့လယ်တွေကို အကုန်ပြန်ပေးမယ်လို့ မလိုင်မြို့နယ်က အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဲဒီလယ်ကွက်ပိုင်ရှင်ကိုတော့ လျော်ကြေး ဒါမှမဟုတ် မြေအစားထိုးပေးမယ်ဆိုတာ ညှိနှိုင်းတုန်း ရှိသေးတယ်ဟု ဒေါ်မြင့်မြင့်အေးကပြောသည်။


ကောင်းကင်ကုမ္ပဏီမှ သိမ်းဆည်းထားသော လယ်မြေဧကမှာ ဧကပေါင်း(၂၆၈)ဧကရှိပြီး လာမည့် ဇူလိုင်လ (၁၇)ရက် နေ့တွင် သိမ်းဆည်းထားသည့် လယ်မြေဧကများအား တောင်သူလယ်သမားများထံ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အခုလို ကိုယ့်လယ် ကိုယ်ပြန်ရမယ်ဆိုတော့ ၀မ်းသာပါတယ်။ ကျွန်တော်တို့ကလည်း ဘိုးဘွားစဉ်ဆက်ကအစ လယ်ပဲ လုပ်တတ်တာဆိုတော့ တစ်ခြားအလုပ်တွေလုပ်ရင် ကျွန်တော်တို့အတွက် အဆင်မပြေပါဘူးဟု မလိုင်မြို့နယ်မှ လယ် သမားတစ်ဦးက ပြောသည်။


အဆိုပါ သိမ်းဆည်းခံလယ်မြေများတွင် တောင်သူလယ်သမားများအနေဖြင့် ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့်အတွက် လယ်ယာလုပ်ငန်းလုပ်ကိုင်ခွင့်နှင့် သိမ်းဆည်ခံ လယ်မြေအားပြန်လည်ရရှိရန် မိတ္ထီလာမြို့နယ်ရှိ လယ်သမားများမှ စုပေါင်း၍ ထွန်းတုံးတိုက်ပွဲများကို သိမ်းဆည်းခံလယ်မြေများအပေါ်၌  ပြုလုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

Ref: မြစ်မခမီဒီယာ

0 comments:

Post a Comment