Pages

Saturday, July 14, 2012

ပထမဆုံး တရားဝင်ခွင့်ပြုချက်ဖြင့် ရွေနံသာကျေးရွာမှ လယ်သမားနှင့်ပြည်သူများ မနက်ဖြန်ဆန္ဒထုတ်ဖော်မည်

မင်္ဂလာဒုံမြို့နယ် ၊ရွေနံသာကျေးရွာမှလယ်သမားများနှင့်ပြည်သူများ မနက်ဖြန် ဇူလိုင် ၁၅ ရက် မနက်(၉)နာရီမှမွန်းလွဲ (၁)နာရီအထိ တရားဝင်ဆန္ဒထုတ်ဖေါ်ပွဲကျင်းပပြုလုပ်မည်ဟုသိရသည်။


ဆန္ဒပြလမ်းလျှောက်စတင်မည့်နေရာမှာ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဌာနချုပ်ရှေ့မှစတင်
ထွက်ခွာပြီးရန်ကုန်ပြည်လမ်းထိုမှတဆင့်ထောက်ကြံ့လမ်းဆုံ၊ရန်ကုန်ပဲခူးလမ်းမကြီးဘေးရှိ မြနန္ဒာပန်းခြံ အတွင်းတွင်စုပေါင်းပြီးဆန္ဒထုတ်ဖေါ်မည်ဟုသိရသည်။

သို့သော် ပန်းခြံအတွင်းမိုးရွာသွန်းမှုကြောင့်ဗွက်များပေါက်နေသဖြင့် ပန်းခြံအရှေ့တွင်ဆန္ဒ
ထုတ်ဖေါ်ကြ


မည်ဟု သိရသည်။ထိုတရားဝင်ဆန္ဒထုတ်ဖေါ်ပွဲကို အင်အား(၂၀၀)ကျော်ဖြင့်စတင်မည်ဖြစ်ပြီး

အသေးစိပ်သိလိုပါက 098610719 သို့ဆက်သွယ်နိုင်ကြောင်းမတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး


ပါတီမှ သတင်းထုတ်ပြန်သည်။



Ref: Popular Myanmar Media:

0 comments:

Post a Comment