Pages

Saturday, July 14, 2012

နှလုံးသာတံခါး (ကဗျာ)

နှလုံးသာတံခါး

မင်းရဲ့ဘဏ်မှာအပ်ထားတဲ့
ငါ့နှလုံးသား
ဘယ်လိုအတိုးတွေကြောင့်ဝေးရလဲ

ခွဲခွာခြင်းကိုဆေးထည့်ဖို့
သံယောဇဉ်တွေကိုသောက်ရမှာပေါ့
ငါ့ချစ်ခြင်းတွေ လွတ်မြောက်ဖို့
မျော်လင့်ခြင်းတွေ ကြိုးဖြည်ပေးလိုက်ပါ
တယ်လီဖုန်းဆက်မရလို့
ကျေးဇူးပြုပြီး
မင်းနှလုံးသားလေးကို
ခပ်ဟဟလေးဖွင့်ထားပေးပါ

ကိုလတ်(ပန်ဘဲတန်း)





ကျွန်တော်ဆိုဒ်ထဲမှာ ကဗျာများ တဆင့်ပြန်လည် Share လိုလျှင် ကဗျာဆရာများကိုလေးစားသော အားဖြင့် ရေးသားသူရဲ့အမည်ကိုဖော်ပြပေးစေချင်ပါတယ်။သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစာလျှက်.......

0 comments:

Post a Comment