Pages

Saturday, July 14, 2012

အပ်ကားများနည်းပါးလာ ခြင်းနှင့် နယ်ဘက်မှအဝယ်ဆင်း လာသောကြောင့် ကားပါမစ်ဈေးကွက် ပြန်ဦးမော့လာ

အပ်ကားများနည်းပါးလာ ခြင်းနှင့် နယ်ဘက်မှအဝယ်ဆင်း လာသောကြောင့် အခြေမလှ ဖြစ်နေသော 


ပါမစ်ဈေးကွက် ပြန်လည် ဦးမော့လာကြောင်း ယင်းအသိုင်းအဝိုင်းမှ သိရသည်။



ထိုသို့မြင့်တက်လာရခြင်းမှာ လက်ရှိ၌ 'န'နှင့် 'ပ' အက္ခရာများ သာ အအပ် လက်ခံနေသေးသော ကြောင့်


 ဈေးကွက်အတွင်း ယင်း အက္ခရာယာဉ် များ ရောင်းချမှုနည်းပါး လာပြီး ထပ်မံ၍ 'ဗ'အက္ခရာများ အပ်နှံခြင်း 


ခွင့်ပြုပါက ပါမစ်ဈေး အနည်းငယ်ကျဆင်းနိုင်ကြောင်း ဟံသာဝတီ ကားဝိုင်းမှ ဝယ်ရောင်းဦး ကျော်မျိုးက


 ပြောသည်။''အရင်က မိုးရွာရင် ဈေးကွက် အေးနေပေမယ့် အခုမိုးတွင်းမှာ တောင်နယ်ဘက်က 


အိမ်စီးသမား တွေ အဝယ်ဆင်းလာတယ်''ဟု ၄င်းကပြောသည်။



နယ်ဘက်မှ ဝယ်ယူသူ အများ စုသည် ဆာ့ဖ်၊ ပရာဒို၊ ပါဂျယ်ရိုး စသော ပါမစ်ဖြင့်သာဝယ်ယူရ 



သည့်ကားများကို အများဆုံးဝယ်ယူ ကြကြောင်း သိရသည်။''အခု ကားဝိုင်းထဲမှာ ပါမစ် တစ်စောင်သိန်း ၆ဝ


 အထိ ပြန် တက် နေပြီ။ အဲဒါတောင် မနည်းလိုက်ရှာ ဝယ်နေရတယ်''ဟု အကျိုးဆောင် ဦးတင်က


 ပြောသည်။




ယာဉ်အိုယာဉ်ဟောင်းအပ်နှံ ခြင်းနှင့်အတူ ပေါ်ပေါက်လာသော ပါမစ် ဈေးကွက်သည် 


အမြင့်ဆုံး အဖြစ်ပါမစ်တစ်စောင် ကျပ်သိန်း ၁၅ဝ မှ ၁၇ဝ အထိ ပေါက်ဈေးရှိ ခဲ့ပြီး


 နိုင်ငံသားတိုင်းလွတ်လပ်စွာ တင်သွင်းခွင်ပြုလိုက်ပြီးနောက်ပိုင်း ဈေးကွက်များပျက်ကာ ပါမစ်တစ် စောင် 


သိန်း ၅ဝ အထိ ကျဆင်း ခဲ့သည်။








သက်တမ်းကြာမြင့်ယာဉ်များ၊ ပယ်ဖျက်ရေးနှင့် အစားထိုးယာဉ် 


တင်သွင်းရန်အတွက် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလမှစတင်၍ 'စ' အက္ခရာမှ 'ပ'အက္ခရာအထိ ယာဉ်


 ဟောင်း အပ်နှံခွင့်ပြုခဲ့ပြီး လက်ရှိ 'ပ' အက္ခရာအထိအစီးရေ သုံးသောင်း ကျော် အပ်နှံပြီးဖြစ်သည်။








ဒုတိယအသုတ်အဖြစ် 'ဗ' အက္ခရာများ ဆက်လက် အပ်နှံခွင့် ပြုမည်ဖြစ်ပြီး အပ်နှံခွင့်ပြုမည့် ရက်ကိုမူ


 မသတ်မှတ် ရသေးကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦး စီးဌာနမှ သိရသည်။




Ref: Popular Myanmar Media:

0 comments:

Post a Comment