Pages

Tuesday, July 10, 2012

မကြာမီ အပြီးသတ်ရွေးချယ်မည့် ဒုတိယသမ္မတနေရာ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ အထူးရေပန်းစား


ဒုတိယသမ္မတနေရာ အတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်းတင်သွင်းထားပြီဖြစ်ကြောင်း လွှတ်တော်တွင်း အတည်ပြု ပြောဆိုနေမှုများ ရှိနေကြောင်း သိရသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို ရန်ကုန်မီဒီယာဂရုပ်မှမေးမြန်းရာ "ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ယခင်ရက်များအတွင်းက လစ်လပ်လျက်ရှိသည့် ဒုတိယသမ္မတ နေရာအတွက် ပြည်ခိုင်ဖြိုး ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ၊ စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း စသည့် ပုဂိုလ်များဖြစ်မည် ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ထိုကဲ့သို့ ရေပန်းစားသည့် စာရင်းတွင်ပါဝင်ခြင်း မရှိခဲ့သည့် ယခင် ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သူ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၀န်ကြီးချုပ် ဦးမြင့်ဆွေ သည် ရုတ်တရက် တစ် ပြေးလာခြင်းဖြစ်သည်။

အဆိုပါ လစ်လပ် ဒုသမ္မတ နေရာတွင် မည်သူအား အစားထိုးရွေးချယ်မည်ကို မီဒီယာများ နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် လုပ်ငန်းရှင်များ အပါအ၀င် ပြည်သူတစ်ရပ်လုံးက စိတ်ဝင်စားလျက်ရှိသည်။
 
Ref: Yangon Media:

0 comments:

Post a Comment