Pages

Tuesday, July 10, 2012

မွေးနေ့ကို ဥရောပ ခရီးစဉ်မှာ ဖြတ်သန်းမယ့် မိုးယုစံ

မိုးယုစံက ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ ‘ပင်လယ်ဝိုင်’ ဒီဗီဒီ ဇာတ်ကား မှာ ရန်အောင်၊ ကျော်ကျော်ဗို၊ သ်င်္ဂီထွန်းတို့နဲ့ အတူပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီ ဇာတ်ကားမှာ မိုးယုစံကညီအစ်ကိုနှစ် ယောက် ပြိုင်ကြိုက်ခံရတဲ့ကောင်မလေး နေရာကသရုပ်ဆောင်ထားပါတယ်။


ကိုယ့် ကို ပရိသတ်တွေ မသိသေးတဲ့အခါတုန်းက ကိုယ့်လုပ်တဲ့အရာတွေကို ပရိသတ်တွေ သတိမထားမိကြတဲ့အတွက် စိတ်မကောင်း ဖြစ်ရပြီး အခုအချိန် မှာ အားလုံးလည်း ကိုယ့်ကိုသိနေပြီဖြစ်တဲ့အတွက် ဝမ်းသာပီ တိ ဖြစ် ရကြောင်း မိုးယုစံကဆိုပါတယ်။”အရင် ကနဲ့အခုကျတော့အစစ အရာရာ ကွာခြား သွားတယ်။

မိုးယုအနေနဲ့တော့ ဘာမှ မပြောင်းလဲပါဘူး။ ကြိုးစားနေ တုန်းပဲ၊ မိုးယု အနုပညာစလုပ်ကတည်းက ရိုးရိုးသား သား ဖြူဖြူစင် စင်စိတ် ပဲထားတယ်။အခုချိန်မှာ လည်း ဒီစိတ်ပဲရှိတယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ် ကိုတတ်နိုင်သေ လာက် ကြိုးစားတယ်” လို့လည်း ပြောပါတယ်။

ဇာတ်ရုပ် မျိုးစုံကို ပိုင်နိုင်စွာ သရုပ် ဆောင်နိုင်ဖို့အတွက် မျိုးဆက်သစ် အနု ပညာ ရှင်တွေက ဝါရင့်အနုပညာရှင် တွေ ဆီကပ ညာတွေသင်ယူကြပါတယ်။ ဝါရင့် အနုပညာရှင်တွေနဲ့တွဲပြီးသရုပ် ဆောင်တဲ့ အခါမှာစိုးရိမ်စိတ်ေ တွဖြစ်ပေါ် လေ့ရှိတဲ့မိုး ယုစံက”သူတို့ဆီက အစစအရာရာ အကုန် လုံးပညာတွေရပါတယ်။

ဦးရန်အောင် တို့ဆို ရင်ဘယ်ကာရိုက်တာ ပဲလာလာ သရုပ်ဆောင် နိုင်တယ်။ မိုးယုတို့က ကြိုးစားနေတုန်းပဲ ဆိုတော့တချို့ ဟာတွေဆိုရင် ဘယ်လိုလုပ် ရင် ကောင်းမလဲဆိုတာ စဉ်းစားရတယ်။ တွဲပြီးသရုပ်ဆောင်တဲ့ အခါကျရင်ပိုဆိုး တယ်။ကိုယ်ဘက်ကလိုက် မမီတာ တို့၊ကွာ သွားမှာလည်းစိုးရိမ် တယ်။

အဲဒီအတွက် ပိုပြီးကြိုးစားရတယ်။ ကိုယ် သရုပ်ဆောင် တတ်တဲ့အရာတွေလည်းရှိသလို ကိုယ် သရုပ်ဆောင်မ တတ် တဲ့ အရာတွေလည်းရှိ တယ်။အဲဒီအချိန်မှာတွဲပြီး သရုပ်ဆောင် တဲ့အပေါ်မှာ ကျတော့ စိုးရိမ်တယ်။

 စိုးရိမ်စိတ်ကြီးရှိနေတဲ့အတွက် သရုပ်ဆောင် တဲ့အခါမှာ အဆင်မပြေတာတွေဖြစ်တယ်။အဲဒီလိုဖြစ်လာရင် စိတ်ကို အရ င်ဖျောက်ရ တယ်”လည်းပြောပါတယ်။အခုအောင်မြင်မှုက ရည်မှန်းချက် ပန်း တိုင်ကို မရောက်သေးကြောင်းလည်း ပြော ပါတယ်။

လုပ်နိုင်သရွေ့တော့ အနုပညာ အလုပ်တွေကိုဆက်ပြီးကြိုးစား သွားမယ်လို့ လည်း ပြောပါတယ်။ မိုးယုစံက ဇူလိုင် ၂ရက်နေ့က နှင်းဆီအဖွဲ့ သားနဲ့ အတူ ပြည်ပ သို့ထွက် ခွာသွားပြီးဖြစ်ပြီး ဇူလိုင် ၂၁ရက်နေ့ မှာကျရောက်မယ့် သူ့ရဲ့မွေးနေ့ ကိုတော့ ပြည်ပမှာပဲ ဖြတ်သန်းဖြစ်တော့မယ်လို့ ဆိုပါ တယ်။

Ref: တွယ်တာ Popular Journal

0 comments:

Post a Comment