Pages

Tuesday, July 10, 2012

လွှတ်တော်သို့ ဒေါ်အောင်ဆန်းစုကြည် ပညာရေးကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်းအဆိုများ တင်သွင်းမည်



လက်ရှိတက်ရောက်နေသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးများသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ပညာရေးကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်းနှင့်အဆိုများ တင်သွင်းရန်ရှိကြောင်း သိရှိရသည်။



ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များ၏ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ စိတ်ဝင်စားကြောင်း ထို့ကြောင့် ပညာရေးကဏ္ဍတိုးတက်ရေး ဆိုင်ရာအဆိုများကို စတင်တင်သွင်းနိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောကြားခဲ့သည်။

မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က “ဒေါ်အောင်ဆန်းစုကြည်က ပညာရေးကဏ္ဍတွေကို စိတ်ဝင်စားတယ်။ သူက လူငယ်တွေရဲ့ ပညာရေး၊ လူငယ်တွေခေတ်မီပြီး ကိုယ်တိုင်တွေးတတ်ခေါ်တတ် ကြံဆပြီး လုပ်တတ်ကိုင်တတ်တဲ့ လူငယ်တွေ ဖြစ်အောင် စိတ်ဝင်စားတဲ့လူဖြစ်တယ်။

 အဲဒါကြောင့် သူက ပညာရေး ကဏ္ဍတွေကို စိတ်ဝင်စားတယ်။ အဲဒီကိစ္စတွေကို လွှတ်တော်မှာ များများဆွေးနွေးဖို့ ရှိပါတယ်။ တစ်ခြား တစ်ခြားတွေလည်း ရှိတာပေါ့။ လယ်သမား၊ အလုပ်သမားကိစ္စတွေလည်း ရှိတယ်။ အဓိက ပညာရေးကို ပိုစိတ်ဝင်စားတယ်လို့ ကျွန်တော်သိတယ်။ မေးခွန်းတွေ အဆိုတွေတင်ဖို့လည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က လွှတ်တော်ရဲ့ စည်းကမ်းအရ ကျွန်တော်တို့ ကြိုပြောလို့ မရပါဘူး”ဟု ပြောကြားခဲ့သည်။

ဇူလိုင်လ ၆ရက်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် တင်သွင်းသည့် မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီး နှင့် နယ်ပယ်အသီးသီးအတွက် စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်၍ ဥပဒေပြဌာန်းနိုင်ရန် အချိန်ကာလ သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ပေးနိုင်ရန် အဆိုကို အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါက်တာ အောင်မိုးညိုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် ပထမဦးဆုံးအကြိမ် ထောက်ခံ ဆွေးနွေးခဲ့သည်။

Ref: Eleven Media Group:

0 comments:

Post a Comment