Pages

Tuesday, July 10, 2012

တရုတ်နိုင်ငံသားပိုင် ဓာတ်သတ္ထုတူးဖော်ရေး လုပ်ငန်းကုမ္ပဏီက ဒေသခံပြည်သူတွေရဲ့ ခြံမြေတွေကို ကာလပေါက်ဈေးမပေးဘဲ ၀ယ်ယူနေ

ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်အတွင်းမှာ တရုတ်နိုင်ငံသားပိုင် ဓာတ်သတ္ထုတူးဖော်ရေး


လုပ်ငန်းကုမ္ပဏီက ဒေသခံပြည်သူတွေရဲ့ ခြံမြေတွေကို ကာလပေါက်ဈေးမပေးဘဲ ၀ယ်ယူနေပြီး 


သတ္ထုတူးဖော်ဖို့ မိုင်းခွဲမှုတွေကြောင့် အနီးအနားမှာစိုက်ပျိုးလုပ်ကိုင်နေတဲ့ ခြံမြေပိုင်ရှင်တွေ 


အသက်အန္တာရယ်စိုးရိမ်နေကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။



ကလောမြို့နယ် ဟဲဟိုးတိုက်နယ်အတွင်းက ဘောစိုင်းကျေးရွာမှာ ခဲသတ္ထုတန်တစ်ထောင်ကျစက်ရုံ


တည်ဆောက်ဖို့ လုပ်ငန်းစတင် အကောင်အထည်ဖော်နေတဲ့ တရုတ်နိုင်ငံသားပိုင် ကောင်းသော


 အင်အားကြယ် ကုမ္ပဏီက အစိုးရ စီမံကိန်းချထားရာမှာပါဝင်တဲ့ ဘောစိုင်းကျေးရွာအနီးတစ်ဝိုက်ရှိ


 မြေယာတွေကို ကာလတန်ဖိုးထက်ဈေးနှိမ်ဝယ်ယူနေကြတယ်လို့  ဒေသခံရွာသားတစ်ဦး


က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။





"ကောင်းသောအင်အားကြယ်ကုမ္ပဏီပေါ့ သူတို့က ကျနော်တို့ဆီမှာလာပြီးတော့ မြေကွက်တွေကို 



လာဝယ်တယ်၊ ရယက အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီးတော့၊ ကျနော်တို့ ဘောဆိုင်းဒေသမှာရှိတဲ့ 


ခြံရှင်တွေရဲ့မြေတွေက သိန်း ၂၅၀ လောက်မှန်းထားတဲ့နေရာကို ၉၈ သိန်းထဲနဲ့ တန်ရာတန်ကြေး

မရပဲ လက်မှတ်ထိုးပေးလိုက်ရတယ်၊ ဆိုးနေတာက အဲ့ဒီ တရုတ်တွေက လုံးဝ လုပ်ခွင့်မရသေးတဲ့



 နေရာတွေမှာ ဒီ ဒယ်ရေးပြားတွေနဲ့ ထိုးမယ်ဆိုပြီးတော့မြေယာ တွေ လိုက်သတ်မှတ်နေတာပေါ့၊ 




ဒီမြေတွေကို သတ္ထုတွင်းဝန်ကြီးဌာနမှာ အစိုးရမှာ တင်ထားပြီးပြီဆိုပြီးတော့ လိုက်သတ်မှတ် တဲ့အခါ

ကျတော့ လုပ်ကိုင်စားနေတဲ့ လ္ဘက်ခြံတွေ သနပ်ဖက်ခြံတွေလည်း ပါကုန်တာပေါ့။"





ဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကစပြီး ဘောစိုင်းရွာကို
ရောက်ရှိလာပြီးရွာသားများအနေ


နဲ့စီမံကိန်းချထားပြီးမြေများဖြစ်တဲ့အတွက် ရောင်းချပေးနေရတယ်လို့ သိရပါတယ်။ ၁၀၅ ခေါ် နိုင်ငံတော်က 


တရားဝင် ပြေစာမပေါက်သေးတဲ့ လယ်ယာမြေ ဥယာဉ်ခြံမြေ တွေကိုဘောစိုင်းရွာအနီးက


 ဖူးရဲရွာ၊ ရေဖြူကန်ရွာ၊ ကုန်းတက်ရွာ၊ မြို့ဆိုးရွာ၊ တံတားကန်ရွာ၊ ဆီစက်ရွာ စတဲ့ ရွာ ၆ ရွာက 


ခြံမြေတွေကိုပါ တိုင်ထွာမှုတွေ ဆက်လုပ်လာပြီး သူတို့ပေးတဲ့ဈေးနဲ့ရောင်းချပေးဖို့ ဖိအားပေးလာတာ

မျိုးတွေ ရှိလာနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။





ဒါ့အပြင် ဓါတ်သတ္ထုတူးဖော်ဖို့ မိုင်းခွဲမှုတွေလုပ်နေတာကြောင့် အနီးပတ်ဝန်းကျင်က 



ခြံမြေတွေပါပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံနေရပြီး ခြံမြေတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဒေသခံပြည်သူတွေ 


ဟာလည်း မိုင်းပေါက်ကွဲမှုကြောင့် အသက်အန္တရယ် ပါ ထိခိုက်လာမှာကို စိုးရိမ်နေကြ ရတဲ့အတွက် 


သက်ဆိုင်ရာတာဝန်ရှိသူတွေကို တိုင်ကြားခဲ့ပေမဲ့ ယနေ့ အချိန်အထိ သတိပေးဆောင်ရွက်တာ မရှိဘူးလို့ 


ခုနက ဒေသခံကပဲ ဆက်ပြောပါတယ်။




"အခု သူတို့က အဲ့မှာသတ္ထုသန့်စင်စက်ရုံတည်မယ်ဆိုပြီးတော့ မြေဧက ၂၈ ဧကလောက် သူတို့ 



ဝယ်ထားတယ်၊ အဲ့ဒီနေရာမှာ ယမ်းခွဲတဲ့ ကိစ္စတွေက ဆိုရင် လုံးဝ စည်းမရှိ ကမ်းမရှိ ခွဲနေတာပေါ့၊ 


ပတ်ဝန်းကျင်မှာရှိတဲ့ လ္ဘက်ခြံတွေ သနပ်ဖက်ခြံတွေ ပျက်စီးတာပေါ့၊ အရင်လို လွတ်လွတ်လပ်လပ် 


သွားလာလှုပ်ရှားလို့ မရဘူး၊ ဘယ်အချိန် မိုင်းခွဲမှန်းမသိတဲ့ အခါကျတော့ 


အလုပ်လုပ်ရတဲ့နေရာတွေမှာလည်း အနှောက်ယှက်ဖြစ်နေတယ်ဗျ၊ သွားတိုင်တော့လည်း ဟိုမြို့သွားတိုင်၊ 


ဒီမြို့သွားတိုင်၊ ဟိုဌာနသွားတိုင်၊ ဒီဌာနသွားတိုင်ဆိုပြီး ပြောတဲ့အခါကျတော့ ရွာကလူတွေက အဲ့လောက်ထိ


 မပေါက်ဘူးလေ။"




ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီကိုဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ် လို့မရခဲ့ပါဘူး။ 



ကလောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းကြည့်ရာ ဖုန်းကိုင်ဖြေဆိုသူ 


ဝန်ထမ်းတစ်ဦးက တိုင်ကြားထားတာ သိရှိပေမယ့် ပြောဆိုခွင့်မရှိကြောင်း အခုလို ပြောပါတယ်။





"တိုင်စာရောက်တာတော့ ရောက်တယ် အဲ့အထိတော့ သိတယ်၊ မြို့နယ်အုပ်ချူပ်ရေးမှူးက မရှိသေးဘူး၊ 



မြို့နယ်အုပ်ချူပ်ရေးမှူးကတော့ အခု ၂ နာရီကမှ စတာဆိုတော့ ဘယ်အချိန်မှ ပြန်လာမယ် မသိဘူး၊ 


ကိုယ်လည်း ရုံးအဖွဲ့ဖြစ်နေလို့လေ သူ့ရဲ့ခွင့်ပြုချက်နဲ့မှ ပြောလို့ရတာလေ။"






Ref: RFA (Burmese)

0 comments:

Post a Comment