Pages

Friday, March 13, 2015

Apple ကုမ္ပဏီမှ ပစ္စည်းများ၏ လုံခြုံရေးကို ဖောက်ထွင်းနိုင်ရန် နှစ်ပေါင်း များစွာ CIA ကြိုးစားဟု အမေရိကန် ဝက်ဘ်ဆိုက် ဖော်ပြ


RangonNewsDaily:: March . 13 .2015
အမေရိကန် ဗဟိုစုံစမ်း ထောက်လှမ်းရေး အဖွဲ့(CIA) သည် Apple ကုမ္ပဏီထုတ် iPhone များနှင့် iPad များ၏ လုံခြုံရေးကို ဖောက်ထွင်း နိုင် ရန် နှစ်ပေါင်း များစွာကြာ ကြိုးပမ်းခဲ့ကြောင်း မတ် ၁ဝ ရက်တွင် အမေရိကန် ဝက်ဘ်ဆိုက်သစ် တစ်ခုဖြစ်သော The Intercept ဝက်ဘ်ဆိုက် ၌ ရေးသား ဖော်ပြ ထားသည်။
အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ ၏ လျှို့ဝှက် သတင်းများကို ပေါက် ကြားစေသူ အက်ဒ်ဝပ်စနိုဒန် ထံမှ ရရှိသည့် ထိပ်တန်း လျှို့ဝှက် အစီရင်ခံစာများ အရ CIA သည် အဆိုပါ ဖောက်ထွင်း နိုင်ရေး ကြိုးပမ်းမှုကို Apple ကုမ္ပဏီ၏ ပထမဆုံး iPhone မထုတ်လုပ်မီ တစ်နှစ်ဖြစ်သော ၂ဝဝ၆ ခုနှစ် ကတည်းက စတင်ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထား သည်။

စနိုဒန် ထံမှ ရရှိသော အစီရင်ခံ စာများတွင် Apple ကုမ္ပဏီ၏ ဆော့ဖ်ဝဲလ် တီထွင်မှု လက်နက်တစ်ခု ဖြစ်သည့် Xcode ဆော့ဖ်ဝဲလ်၏ Version ကို အဆင့်မြှင့် နိုင်ရေး ဖန်တီးမှု နည်းလမ်းများ၊ Apple ကုမ္ပဏီ၏ App Store မှတစ်ဆင့် ပရိုဂရမ်များ ရောင်းချနိုင်ရေး တို့ကို အသေးစိတ် ရေးသား ဖော်ပြ ထားကြောင်း သိရသည်။


CIA မှ ပညာရှင် များသည် ကီးဘုတ်ပေါ်မှ ရိုက်သည့် အမှတ်အသား အားလုံးကို သိရှိနိုင်ရန် အတွက် Keylogger တစ်ခုကို ထည့်သွင်းရန် နှင့် လက်တော့ပ်၊ ကွန်ပျူတာ များကို Updates ပြုလုပ်ရာတွင် အသုံးပြုသည့် ပရိုဂရမ် တစ်ခု ဖြစ်သော OSX ပရိုဂရမ် ကိုလည်း အောင်မြင်စွာ အဆင့်မြှင့် နိုင်ကြောင်း သိရသည်။


KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment