Pages

Friday, March 13, 2015

ချစ်သူတစ်ယောက်ရပြီးတာနဲ့ .......


RangonNewsDaily:: March . 13 .2015
*ပိုက်ဆံအိတ်ကလေးထဲမှာ သူ့ပတ်စ်ပို့ပုံသေးသေးလေး နေရာယူတတ်လာပြီ...
*တကယ်လို့ ဖုန်းကိုင်နေရင်တော့  သူ့ပုံလေးကို wallpaper တင်ထားတတ်တာအကျင့်တခုဖြစ်လာပြီ....
*တခြားနံပါတ်တွေကို အလွတ်ကျက်နေရသည့်တိုင်
ချစ်သူနဲ့ ဆိုင်တဲ့ ဖုန်းနံပါတ်၊မွေးနေ့မွေးရက်တွေကို တရေးနိုးထမေးလည်း မှတ်မိနေတတ်ပြီ

*သူ့ကြိုက်နှစ်သက်တဲ့  အ၀တ်အစား ၊အစာအစားတွေကိုလည်း ဈေးရောက်တိုင်း ကြည့်မိနေတတ်ပြီ
*အမှတ်တရနေ့တွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့  စိတ်ကူးယဉ်မူ့တွေလည်းနေရာယူလာတတ်ပြီ


*လွမ်းလိုက်တာ ဆိုတဲ့  စကားလုံးကို သတိရတိုင်းပြောနေမိသလို
ချစ်တယ်အရမ်းပဲ ဆိုတဲ့ စကားကို တွေ့တိုင်း မမေ့ လျော့ပဲပြောမိနေတတ်ပြီ


*သူလာသည်ဖြစ်စေ မလာသည်ဖြစ်စေ အကောင့်လေးဖွင့်ပြီး စောင့်မျှော်နေတက်သလို
မဆက်တာကြာတဲ့ ဖုန်းကိုလည်း တကြည့်ကြည့်နဲ့ ကြည့်နေမိတတ်ပြီ


*သူ့ကြောင့် ငိုခဲ့ရတဲ့ရက်တွေအစား
သူ့နဲ့ ပျော်ခဲ့ ဖူးတဲ့ ရက်တွေကိုပဲ လွမ်းမိနေတတ်ပြီ


တကယ်တော့ 
ချစ်သူတစ်ယောက်ရပြီးတာနဲ့ 
လက်တွေ့သေချာတဲ့ 
အလွမ်းတွေနဲ့ ချည်နှောင်နေမိရင်တောင်
မျှော်လင့်ခြင်းစိတ်ကူးတွေနဲ့ 
ပျော်ရွှင်ခြင်း နေ့ရက်တွေကို စောင့်မျှော်နေတတ်သူဖြစ်မှန်းမသိဖြစ်နေတာက အဆိုးဆုံးပါပဲချစ်သူ................



KOLATT(PBDN)

RangonNewsDaily





0 comments:

Post a Comment