Pages

Friday, March 13, 2015

အင်္ဂါဂြိုလ်ပေါ်တွင် သမုဒ္ဒရာကြီးများရှိခဲ့ဖူးသည့် အထောက်အထားများကို တွေ့ ရှိ


RangonNewsDaily:: March . 13 .2015
အင်္ဂါဂြိုလ်၏ပတ်ဝန်းကျင် သွင်ပြင်လက္ခဏာများကို မြေပုံတိကျစွာရေးဆွဲလေ့လာခဲ့ရာ အင်္ဂါဂြိုလ်၏ ငါးပုံတစ်ပုံခန့်  မှာ တစ်ချိန်က သမုဒ္ဒရာကြီးများဖြစ်နေခဲ့ဖွယ်ရှိသည်ကို မြင်တွေ့ ရပြီး ယင်းမြေပုံကို ပို၍တိကျအောင် ရေးဆွဲ လေ့လာနိုင်ပါက အင်္ဂါဂြိုလ်ပေါ်တွင် ယခုလည်း မြေအောက်ရေအမြောက်အများကို ရှာဖွေတွေ့ ရှိနိုင်ဖွယ်ရှိကြောင်း သုတေသီများက ဆိုသည်။
လက်ရှိတွင် အင်္ဂါဂြိလ်မျက်နှာပြင်သည် ခြောက်သွေ့ အေးစက်နေသော်လည်း လွန်ခဲ့သော နှစ်ပေါင်းဘီလီယံပေါင်း များစွာက ဤအနီရောင်ဂြိုလ်ကြီးပေါ်တွင် ရေကန်၊ မြစ်၊ ပင်လယ်တို့  အများအပြားရှိခဲ့သည့် အထောက်အထားများ ကို မြင်တွေ့ ရကြောင်း၊ ကမ္ဘာပေါ်တွင် ရေရှိသောနေရာတိုင်းတွင် သက်ရှိဘ၀ကိုတွေ့ ရှိရသည့်အတွက် အင်္ဂါဂြိုလ် ပေါ်တွင် တစ်ချိန်က ရေထုရှိခဲ့ပါက သက်ရှိဘ၀ ရှိခဲ့မည်သာလျင်ဖြစ်ကြောင်း၊ ယခု မြေအောက်ရေရှိနေပါက သက်ရှိဘ၀ကို ဧကန်မုချ ရှာတွေ့ နိုင်မည်ဖြစ်ကြောင်း သုတေသီများက ယုံကြည်မျှော်လင့်နေကြသည်။

သို့ သော် သုတေသီသိပ္ပံပညာရှင်များသည် အင်္ဂါဂြိုလ်ပေါ်တွင် တစ်ချိန်က ရေရှိခဲ့သည့်အထောက်အထားများကို သာ ဖော်ပြနိုင်သေးပြီး မျက်မှောက်ကာလတွင် ရေအမှန်တစ်ကယ်ရှိနေသည်မှာ မှန်ကန်ကြောင်းသက်သေမပြ နိုင်သေးသည့်အပြင် အင်္ဂါဂြိုလ်၏ရေထု မည်ကဲ့သို့ ပျောက်ကွယ်သွားသည်ကိုလည်း ရှင်းပြနိုင်ခြင်း မရှိသေးပေ။ 

ပထမခြေလှမ်းအဖြစ် သုတေသီများက အင်္ဂါဂြိုလ်ပတ်ဝန်းကျင်တွင် ရေမော်လီကျူးများကိုရှာဖွေနေပြီး ရရှိပါက မည်သည့်ရေအမျိုးအစားဖြစ်သည်ကို ခွဲခြမ်းစိပ်ဖြာသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံမှန်အားဖြင့် ရေမော်လီကျူးတစ်ခုမှာ ဟိုက်ဒရိုဂျင်အက်တမ် ၂ လုံးနဲ့  အောက်စီဂျင်အက်တမ် ၁ လုံး ပါဝင်ပါတယ်။ ဒါကတော့ ကမ္ဘာပေါ်က ရေပေါ့။ အဲဒီဟိုက်ဒရိုဂျင်အက်တမ် ၂ လုံးနေရာမှာ ဒျူတီရီယမ်အက်တမ် ၂ လုံးကို အစား ထိုးလိုက်ရင်လည်း ရေကိုရပါတယ်။

ဒါပေမယ့် ကမ္ဘာပေါ်ကရေနဲ့ တော့ မတူတော့ဘူးပေါ့။ ဒျူတီရီယမ်ရေလို့ ခေါ်ပါ တယ်။ ဒျူတီရီယမ်ရေဟာ သာမန်ရေထက် အလေးချိန်ပိုပါတယ်။ တစ်ခါ သာမန်ရေထက်အလေးချိန်ပိုရင် အငွေ့ ပျံ ဖို့ ကလည်း ရိုးရိုးရေထက်ပိုပြီးခက်သွားပါလိမ့်မယ်။ ဒီတော့ အင်္ဂါဂြိုလ်ပေါ်မှာ တစ်ချိန်ကရှိခဲ့တဲ့ရေဟာ ဟိုက်ဒရိုဂျင် ရေလား၊ ဒျူတီရီယမ်ရေလား ဆိုတာကို ကျွန်တော်တို့ အရင်ဆုံး သိရှိဖို့  လိုအပ်ပါလိမ့်မယ်။ ဒါမှလည်း ဒီရေထုကြီး တစ်ခုလုံး ဘယ်လိုပျောက်ဆုံးသွားသလဲဆိုတာကို ကျွန်တော်တို့  အနီးစပ်ဆုံး လေ့လာနိုင်မှာ ဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

ယခုအခါ သုတေသီများက အင်္ဂါဂြိုလ်ပတ်ဝန်းကျင်တွင် ဟိုက်ဒရိုဂျင်နှင့်ဒျူတီရီယမ် ပါဝင်မှုအချိုးအစားကို မြေပုံရေးဆွဲ နေရာဝယ် အချို့ သောနေရာများတွင် ဟိုက်ဒရိုဂျင်နှင့်ဒျူတီရီယမ်အချိုးသည် ကမ္ဘာပေါ်တွင်တွေ့ ရ လေ့ ရှိသောအချိုးထက် ၇-ဆ ခန့် ပိုနေသည်ကို တွေ့ ရှိခဲ့သည့်အတွက် အင်္ဂါဂြိုလ်ပေါ်တွင် တစ်ချိန်က ရေထု အမြောက်အများရှိခဲ့သည်မှာ သေချာသည်ဟု ကောက်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment