Pages

Friday, March 13, 2015

တွစ်တာမှာ လူပြောအများဆုံးဖြစ်နေတဲ့ One Direction အဖွဲ့ရဲ့ စင်ကာပူဖျော်ဖြေပွဲ


RangonNewsDaily:: March . 13 .2015
လူကြိုက်များသော ဗြိတိန်လူငယ်အဖွဲ့ One Directionမတ်လ ၁၁ ရက်တွင် အမျိုးသား အားကစားကွင်း၌ပြုလုပ်ခဲ့သော စင်ကာပူ ဂီတဖျော်ဖြေပွဲအကြောင်း နှင့်ပတ်သက်သည့် ပြောဆိုမှုများ တွစ်တာဝက်ဘ်ဆိုက်ပေါ်တွင် စံချိန်သစ်တင်ခဲ့သည်ဟု လူမှုကွန်ရက် တွစ်တာက မတ်လ ၁၂ ရက်၌ဖော်ပြသည်။

ပရိသတ်သုံးသောင်းကျော် အားပေးခဲ့ပြီး ယင်းဂီတဖျော်ဖြေ ပွဲနှင့်ပတ်သက်၍ တွစ်တာဝက်ဘ် ဆိုက်ပေါ်တွင် စင်ကာပူနိုင်ငံသား များနှင့် ဒေသတွင်း ပရိသတ်များ ၏ ပြောဆိုမှုတစ်သိန်းကျော်ရှိခဲ့ သည်။

One Direction အဖွဲ့၏ ဂီတဖျော်ဖြေပွဲကို အားပေးရာ တွင် ဘောလုံးကွင်းအတွင်းသို့ ပထမဆုံးဝင်ရောက်ခွင့်ရရန်နှင့် နေရာကောင်းရရန် ပရိသတ် အချို့မှာ နံနက် ၄ နာရီကတည်း က လာရောက်ခဲ့ကြသည်။ လုံခြုံ ရေးနှင့် ဘေးကင်းရေးအတွက် ပရိသတ်များအနေဖြင့် နံနက် ၁၁ နာရီမှစ၍ တန်းစီစောင့်ဆိုင်းကြ ရန် စင်ကာပူအားကစားဌာနက ညွှန်ကြားထားသော်လည်း ပရိ သတ်အချို့ စောစီးစွာရောက်လာ ခဲ့ကြသည်။

ဂီတဖျော်ဖြေပွဲအတွက် အချို့သောပရိသတ်များ လက် မှတ်မရဖြစ်ခဲ့ကြသော်လည်း ခေတ္တမျှကြည့်ခွင့်ရရန် ဖျော်ဖြေပွဲ ကျင်းပရာ အားကစားကွင်းဂိတ် ပေါက်အပြင်ဘက်မှ စောင့်ဆိုင်း နေခဲ့ကြသည်။

ဂီဖျော်ဖြေပွဲအပြီးတွင် One Direction အဖွဲ့ဝင် Liam Payne က ‘‘ကျေးဇူးပဲ စင်ကာပူပျော်စရာ ကောင်းပါတယ်’’ဟု တွစ်တာ ဝက်ဘ်ဆိုက်၌ ရေးသားဖော်ပြ သည်။ 

CNA News , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment