Pages

Thursday, March 12, 2015

ချယ်လ်ဆီး ၂ - ပီအက်စ်ဂျီ ၂



RangonNewsDaily:: March . 12 .2015
ချယ်လ်ဆီး ၂ - ပီအက်စ်ဂျီ ၂ (၂ ပွဲပေါင်း ၃-၃) အဝေးဂိုး အသာနဲ့ ပီအင်စ်ဂျီ ကွာတားတက်လို့ ချယ်လ်ဆီး ထွက်ရပါပြီ။
ချန်ပီယံလိဂ် ကွာတားအကြို ၁၆ သင်း၊ ဒုတိယအကြော့ပွဲကို ချယ်လ်ဆီးအိမ်ကွင်းမှာ ကစားပါတယ်။ ပထမပွဲတုန်းက ၁-၁ နဲ့ သရေကျထားလို့ အဝေးဂိုးရထားတဲ့ ချယ်လ်ဆီး အခွင့်အရေးကောင်းခဲ့ပါတယ်။ 
တစ်ခါ ပထမပိုင်း ၃၁ မိနစ်မှာပဲ ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး ဇလပ်တန် အီဗရာမိုဗစ်ခ်ျအဖျက်ကြမ်းတယ်ဆိုပြီး အနီနဲ့ ထုတ်ခံရလို့ ချယ်လ်ဆီးပိုပြီး အားသာတဲ့ဘက်မှာ ရောက်လာပါတယ်။ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ပါဘူး၊ ဒုတိယပိုင်း ၈၁ မိနစ်မှာ ကေဟင်းလ်က ချယ်လ်ဆီးအတွက် ဂိုးသွင်းပါတယ်။ မကြာပါဘူး ၈၆ မိနစ်မှာ ဒါဗစ်လူဝစ်က ခေါင်းတိုက်ဘော အပြင်းစားနဲ့ ချေပဂိုးယူပါတယ်။ 




သွင်းဂိုး အဝေးဂိုးတွေ တူနေလို့ အချိန်ပိုကစားရတော့ ပီအက်စ်ဂျီ နောက်ခံလူ သီယေဂိုဆင်းလ်ဗာ ပင်နယ်တီ ဧရိယာထဲမှာ လက်နဲ့ထိလို့ ပေးရတဲ့ ပင်နယ်တီကို ဟက်ဇတ်ကန်သွင်းပြီး အနိုင်ဂိုးယူပါတယ်။ ပီအက်စ်ဂျီအနီးကပ်အပိုင်သွင်းတဲ့ ဂိုးတွေကိုလည်း ချယ်လ်ဆီး ဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ်။ 

ပွဲပြီးတော့မယ်လို့ မှတ်ရချိန် ၁၁ ၄ မိနစ်အရောက်မှာ ကော်နာက ကန်ပေးလိုက်တဲ့ ဘောလုံးကို သီယေဂိုဆင်းလ်ဗာက ခေါင်းတိုက်ပြီး ဂိုး သွင်းယူသွားလို့ ၂ ဂိုး စီ သရေ၊ ပီအက်စ်ဂျီက အဝေးကွင်းမှာ ၂ ဂိုး သွင်းနိုင်လို့ ပီအက်စ်ဂျီ ကွာတားတက်သွားပြီ ဖြစ်ပါတယ်။

BBC , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment