Pages

Thursday, March 12, 2015

နှလုံးသားအရေးအေးချမ်းနေပြီး တစ်ကိုယ်တည်းဖြတ်သန်းနေတဲ့ ဝတ်မှုံရွှေရည်


RangonNewsDaily:: March . 12 .2015
အချစ်ရေးမှာ တည်ငြိမ်အေးချမ်းနေပြီး လတ်တ လောတော့ တစ်ဦးတည်းပဲ ဖြတ်ကျော် နေတယ်လို့ ပူပူနွေးနွေး အကယ်ဒမီ ရရှိထားတဲ့ ဝတ်မှုံရွှေရည်က ဆိုပါ တယ်။
ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် Valentine Day ကိုလည်း တစ်ကိုယ်တော် ဖြတ် သန်းခဲ့ရပါတယ်လို့ ဆိုပြန်ပါတယ်။ ကစ်ကစ်အနေနဲ့ ဇာတ်ကားတွေကို ရွေးချယ်ရိုက်ကူးနေတယ်ဆိုတာဟာ အကယ်ဒမီရသွားလို့မဟုတ်ဘဲ ပရိ သတ်ကြီးအတွက် အကျိုးရှိစေမယ့် ပညာပေးကားမျိုးတွေကို ရိုက်ချင်လို့ ရွေးနေတာပါလို့ သိရပါတယ်။

''၂ဝ၁၅ ခုနှစ်ထဲမှာ ဇာတ်ကား ရိုက်ကူးတဲ့အခါ ဇာတ်ရုပ်ကောင်းပြီး ထူးခြားတဲ့ကားတွေကို ရွေးချယ်ပြီး ရိုက်ကူးသွားမယ်။ ကစ်ရိုက်ထားတဲ့ ကားတွေက များပြီဆိုတော့ ပရိသတ် အတွက် ကာရိုက်တာထပ်သွားမှာ စိုး လို့ပါ။ 

ရုပ်ရှင်ဇာတ်ကားကြီးတွေအ တွက် ကမ်းလှမ်းထားတာတွေရှိပါ တယ်။ ဒါပေမဲ့ ပရိသတ်အတွက် တစ် ခုခုကျန်စေတဲ့ ဇာတ်လမ်းမျိုးကို ရွေး ချယ်ရိုက်ကူးသွားမှာပါ'' ဟု အကယ် ဒမီဝတ်မှုံရွှေရည်က ပြောသည်။

သူမအနေနှင့် အက်ရှင်ဇာတ် ရုပ်များ မရိုက်ဖူးသေးသည့်အတွက် အက်ရှင်ကားများကိုလည်း ရိုက်ချင် သည်ဟု ဆိုသည်။
''အက်ရှင်ဇာတ်ကားတွေကို မရိုက်ဖူးသေးလို့ ရိုက်ချင်ပါတယ်။အက်ရှင်ကားရိုက်ဖို့ ကမ်းလှမ်းထား တာမျိုး မရှိသေးပါဘူး။ အက်ရှင်ကား ရိုက်မယ်ဆိုရင် ကစ်ဘက်က တော်တော် ကြိုးစားဖို့လိုမယ်။ ဒီမှာက အက်ရှင် ကားရိုက်ဖို့ ကမ်းလှမ်းတာမျိုးက ရှား တယ်'' ဟု ၄င်းက ဆက်ပြောသည်။

အကယ်ဒမီ ဝတ်မှုံရွှေရည်သည် ၂ဝ၁၃ ခုနှစ်အတွက် ပေးအပ်သည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် 'နင်စေ ရင်' ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ထူးချွန်ဆု ရရှိခဲ့ပြီး မတ်လအတွင်း ခရိုနီစီးပွား ရေးသမားတစ်ယောက်၏ သမီးအ ဖြစ် သရုပ်ဆောင်ထားသည့် 'လူကြီး မင်းခင်ဗျာ' ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသသွားမည်ဖြစ်သည်။

ဒီမိုကရေစီတူဒေး 



0 comments:

Post a Comment