Pages

Thursday, March 12, 2015

အင်းစိန်တွင် အိမ်တစ်အိမ်ကို အနုကြမ်းစီးသူများ ရပ်ကွက်က ၀ိုင်းဖမ်း

RangonNewsDaily:: March . 12 .2015
အင်းစိန်မြို့နယ်တွင် အိမ်တစ်အိမ်ကို လူတစ်စုက အနု ကြမ်းဝင်စီးခဲ့သောကြောင့် ရပ် ကွက်က ၀ိုင်းဖမ်းခဲ့ပြီး သံသယရှိ သူတစ်ဦးအား ရဲစခန်းသို့ အပ်နှံ လိုက်ကြောင်းသတင်းရရှိသည်။
အင်းစိန်မြို့နယ်၊ မင်းကြီး လမ်းရှိ အိမ်တစ်အိမ်ကို မတ်လ ၁၁ရက်ညက လူသုံးဦးခန့်က အနု ကြမ်းဝင်စီးခြင်းဖြစ်ကြောင်း အ ခင်းဖြစ်ပွားရာ အိမ်အနီးတွင်နေ ထိုင်သူတစ်ဦးက ပြောသည်။
‘‘ရပ်ကွက်က ဖမ်းတာ။ တစ်ယောက်တော့ မိလိုက်တယ်။ ရဲကားနဲ့လာခေါ်သွားတယ်။
::
ကျွန်တော်တို့လည်း ဒီလောက်ပဲ သိတာ’’ဟု ၎င်းကပြောသည်။ ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရာဖြစ်စဉ်မှာ အမှန်ဖြစ်ကြောင်းအတည်ပြုပြီး အမျိုးသား တစ်ဦးကို စစ်ဆေးနေဆဲဖြစ်ကြောင်းပြောသည်။ သို့သော် ဖြစ်စဉ်အသေးစိတ်ကိုမူ မသိရှိရသေးပေ။


7Day Daily 

0 comments:

Post a Comment