Pages

Wednesday, January 21, 2015

ဗြိတိန် The Sun သတင်းစာတွင် အပေါ်ပိုင်း ၀တ်လစ်စားလစ် မော်ဒယ်များ ဖော်ပြတော့မည်မဟုတ်


RangonNewsDaily:: January . 21 .2015
ဗြိတိန်နိုင်ငံ၏ လူပြိန်း ကြိုက်သတင်းစာ The Sun သည် ဆယ်စုနှစ်များစွာကြာခဲ့သော အ ငြင်းပွားမှုတစ်ခု အဆုံးသတ်သည့် အနေဖြင့် ၎င်းတို့ သတင်းစာ၏ စာမျက်နှာ ၃ ၌ အပေါ်ပိုင်း ၀တ် လစ်စားလစ် အမျိုးသမီးများကို အ သားပေးဖော်ပြတော့မည်မဟုတ် ကြောင်း ဇန်န၀ါရီ ၂၀ ရက် သ တင်းများအရသိရသည်။

The Sun သတင်းစာ၏ ပြီး ခဲ့သည့် သောကြာနေ့ထုတ် စာ စောင်တွင် အပေါ်ပိုင်းဝတ်လစ်စား လစ် မော်ဒယ်တစ်ဦးကို ဖော်ပြမှု မှာ နောက်ဆုံးဖြစ်မည်ဟု ဗြိတိန် The Times သတင်းက ဖော်ပြ သည်။

နှစ်ပေါင်း ၄၀ ခန့်ကြာ ဖော် ပြခဲ့သော The Sun သတင်းစာ ၏ စာမျက်နှာ ၃ အစီအစဉ်မှာ လိင်ခွဲခြားဆက်ဆံမှု တစ်ခုဖြစ် သည်ဟု တက်ကြွလှုပ်ရှားသူများ က ဝေဖန်ထားပြီး The Sun သ တင်းစာတိုက်ပိုင်ရှင် သူဌေးကြီး ရူးပတ်မားဒေါ့ကိုယ်တိုင်ကလည်း ယင်းအစီအစဉ်မှာ ခေတ်နောက် ကျနေပြီဟု ပြီးခဲ့သည့်နှစ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

The Sun သတင်းစာသည် ဗြိတိန်နိုင်ငံ၏ ဖတ်ရှုသူအများဆုံး သတင်းစာတစ်စောင်ဖြစ်သည်။

ယင်းသတင်းစာ၌ အပေါ် ပိုင်းဝတ်လစ်စားလစ် မော်ဒယ် များ ဖော်ပြမှုကို ရပ်တန့်ပေးရန် ဟူသော ပန်ကြားချက်တစ်ခု၌ လူပေါင်း ၂၁၇၀၀၀ ကျော် လက် မှတ်ရေးထိုးခဲ့ကြသည်။

No More Page 3 အဖွဲ့က The Sun သတင်းစာ၏ ပြောင်း လဲမှုကို ကြိုဆိုခဲ့ကြပြီး ယင်း ပြောင်းလဲမှုမှာ သမိုင်းဝင်တစ်ခု ဖြစ်ကာ လူသားများအတွက် ကြီး မြတ်သော နေ့တစ်နေ့ဖြစ်သည် ဟု ပြောကြားခဲ့သည်။

CNA  , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment