Pages

Wednesday, January 21, 2015

မြန်မာ့ဆက်သွယ်ရေးက GSM နှင့် WCDMA ဆင်းမ်ကတ် တစ်သန်း ထပ်မံရောင်းချပေးမည်


RangonNewsDaily:: January . 21 .2015
မိုဘိုင်း ဖုန်းဆင်းမ်ကတ်အရေအတွက် တစ်သန်းကျော်ကို ထပ်မံရောင်းချပေး သွားရန်စီစဉ်လျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ သိ ရသည်။
GSM နှင့် WCDMA ဆင်းမ် ကတ်များကို တိုင်းနှင့်ပြည်နယ်အနှံ့ ခွဲတမ်းဖြင့်ရောင်းချနိုင်ရန်ဆောင် ရွက်သွားမည်ဖြစ်ပြီး လပိုင်းအတွင်း ဖြန့်ဖြူးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

''ဆင်းမ်ကတ်တွေ လစဉ်ထပ် ချဖို့ စီစဉ်ထားပါတယ်။ လတ်တလော မှာတော့ ဆင်းမ်ကတ် တစ်သန်းကျော် ထပ်ချပေးသွားမှာပါ''ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဆင်းမ်ကတ်များဖြန့်ဖြူး နိုင်ရန်အတွက်MPTမှ KDDI နှင့် Sumitomo ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပြီး တိုက်ရိုက်ရောင်းချခြင်းနှင့် ကိုယ်စားလှယ်ဖြန့်ချိသည့်ဆိုင်များ မှတစ်ဆင့် ရောင်းချပေးမည်ဟု သိရ သည်။

MPT မှ ယင်းဆင်းမ်ကတ်တစ် ကတ်လျှင် ကျပ်၁၅ဝဝသတ်မှတ်ထား သော်လည်း ဈေးကွက်အတွင်း အဆို ပါဆင်းမ်ကတ်များပေါက်ဈေးသည် ကျပ် ၅ဝဝဝ ခန့် ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းဖုန်းအရောင်း ဆိုင်များမှ စုံစမ်းသိရသည်။

MPT ဆင်းမ်ကတ်ဝယ်ယူထား သူ ကိုမင်းဦးက ''တစ်နေ့ကပဲ လေး ထောင်ပေးပြီး ဝယ်လိုက်ရတယ်။ ၁၅ဝဝနဲ့ကတော့ ဆက်သွယ်ရေးက ရောင်းတဲ့ဆိုင်မှာ တိုးပြီးမှ ဝယ်လို့ရ မယ်။ ကတ်ရေများများချပေးနိုင်ရင် ဈေးကြီးနဲ့ ဝယ်နေရတဲ့မှောင်ခိုဈေး ကွက်က ပျောက်သွားမှာပဲ။ ဆင်းမ် ကတ်ဘယ်လောက်ချချ မထူးခြား ဘူး''ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တိုင်းနှင့်ပြည်နယ်အ နှံ့တွင် ဆင်းမ်ကတ်ပေါင်း ၁၁သန်း နီးပါး အသုံးပြုလျက်ရှိပြီး MPT နှင့် ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI, Sumitomo တို့ ပူးပေါင်း၍ ငါး သန်းဖြန့်ဖြူးထားပြီး ယင်းမှ ၉ဝရာခိုင် နှုန်းကျော် အသုံးပြုလျက်ရှိကြောင်းသိ ရသည်။

ဒီမိုကရေစီတူဒေး , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment