Pages

Wednesday, January 21, 2015

ဟင်္သာတအကျဉ်းထောင် အကျဉ်းသား နှစ်ဦးနှင့် အချုပ်သား တဦး ထောင်ဖောက်ပြေး


RangonNewsDaily:: January . 21 .2015
ဟင်္သာတအကျဉ်းထောင်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် အစောပိုင်းက အကျဉ်းသား နှစ်ဦးနှင့် အချုပ်သား တဦး ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူတွေဟာ ဟင်္သာတမြို့ရှိ ပွင့်သစ် ဘော်ဒါဆောင်အတွင်း ဖောက်ထွင်းဝင်ရောက် ဆိုင်ကယ်
ခိုးယူမှုနဲ့ ထောင်ဒဏ် (၃)နှစ် ကျခံနေရသော အကျဉ်းသား သက်ပိုင်စိုး (ခ)အုန်းသီး၊ ထွန်းထွန်းနိုင် (ခ)လဒူ နဲ့ ဟင်္သာတ
မြို့လယ်တီကွင်းရပ်ကွက် ငါးမွေးမြူရေးစခန်းက ကြေးနန်းကြိုးခွေများ ရောင်းချမှုနဲ့ အမှုရင်ဆိုင်နေသူ အချုပ်သား ဖိုးချို (ခ) ကျော်ဇေယျ တို့သုံးဦးဖြစ်ပြီး ဟင်္သာတအကျဉ်းထောင် အတွင်း တရားစခန်းဖွင့်လှစ်အသုံးပြုနေတဲ့ အမှတ်(၅) အိပ်ဆောင် အပေါ်ထပ်က ကြမ်းခင်းနဲ့ အောက်ထပ်ရှိ သစ်သားတန်းကို ဖောက်ကာ ဝက်လားဆောင် အရှေ့ဘက်အုတ်ရိုးပေါ်မှတဆင့် စောင်၊ အင်္ကျီများ အသုံးပြုပြီး ထောင်နံရံကနေကျော်တက်ထွက်ပြေးသွားကြောင်း အုပ်ချုပ်ရေးဌာန ကနဦး သတင်းများ
အရသိရှိရပါတယ်။

သတင်းဓာတ်ပုံ - icj ပြည့်ဖြိုး (ဟသာၤတ)
DVB ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment