Pages

Wednesday, January 21, 2015

ဘောလီးဝုဒ်မင်းသမီး လိုင်လာခမ်းရဲ့ ဒုတိယ မြောက် မြန်မာ့ရုပ်ရှင် ခြေလှမ်း


RangonNewsDaily:: January . 21 .2015
မြန်မာပြည်ဖွား အိန္ဒိယ ဘောလီးဝုဒ်မင်း သမီး လိုင်လာခမ်း က ‘ရာဇဝင်ရိုင်းကြ သူများ’ ဆိုတဲ့ သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက် တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရဲ့ ရိုက် ကူးဖန်တီးမှုနဲ့အတူ ပြေတီဦး၊ မြင့် မြတ်၊ ပက်ထရစ်ရှာတို့နဲ့အတူ ပါဝင် ရိုက် ကူးမှာဖြစ်ပါတယ်။
လိုင်လာခမ်း အတွက်ကတော့ အခုရိုက်ကူးမယ့် ‘ရာဇဝင်ရိုင်းကြသူများ’ ရုပ် ရှင်ဇာတ်ကားဟာ ‘တိုက် ဆိုင်မှုရှိလျှင်’ ရုပ်ရှင် ဇာတ်ကားပြီးနောက် မြန်မာပြည် မှာ မြန်မာဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့ ဒုတိယမြောက် ထပ်မံ ရိုက်ကူးဖြစ်မယ့် ရုပ်ရှင်ဇာတ်ကားဖြစ်လာမှာပါ။ 

အဲဒါအ ပြင်ပထမဦးဆုံးရိုက်ကူး ခဲ့တဲ့ ‘တိုက် ဆိုင်မှုရှိလျှင်’ရဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ပြေတီဦးတို့နဲ့လည်း ဒုတိယ အ ကြိမ် ထပ်မံဆုံတွေ့ဖြစ်မယ့် ရုပ်ရှင်ဇာတ်ကား တစ်ကား ဖြစ်လာမှာဖြစ်ပါတယ်။ လိုင်လာခမ်းကတော့ သူ့ အနေနဲ့ ဇန်နဝါရီ (၁၆) ရက်နေ့က စတင်ပြီး ဥရောပနိုင်ငံ လန်ဒန် မြို့ကို အလုပ်ကိစ္စအပါ အဝင်မိသားစု အ လည်အပတ်ခရီးစဉ်သွားရောက် မှာဖြစ်တာ မို့ ရန်ကုန်မြို့ကလာမယ့် ဖေဖော်ဝါရီလ လောက်မှ ပြန်ရောက်မှာဖြစ်ပါတယ်။ 

လိုင် လာခမ်း ပြန်ရောက်တာနဲ့ ‘ရာဇဝင်ရိုင်း ကြ သူများ’ ရုပ်ရှင်ဇာတ်ကားကို ရိုက် ကူးနိုင်ဖို့ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။ လိုင် လာခမ်းပါဝင်တဲ့ ‘တိုက်ဆိုင်မှုရှိလျှင်’ ရုပ် ရှင်ဇာတ်ကား ကို ၂ဝ၁၄ ခုနှစ်ထဲမှာ ရုံ တင်ပြသနိုင်ခဲ့ပြီး မြန်မာပရိသတ်တွေဟာ လိုင်လာခမ်းရဲ့ ဗီလိန်ဇာတ်ရုပ်တွေကို နှစ်ခြိုက်အားပေးခဲ့ကြပါတယ်။ အဲဒါ ကြောင့် 
လည်း လိုင်လာခမ်းက အခု ဒုတိယမြောက် ရိုက်ကူးမယ့် ‘ရာဇဝင်ရိုင်းကြသူများ’ ရုပ်ရှင် ဟာ သူ့ကို ပရိသတ်တွေ ခြားနားတဲ့ပုံစံ သစ်တစ်ခုနဲ့ မြင်ရမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

“တိုက်ဆိုင်မှုရှိလျှင် ဇာတ်ကား တုန်းက နြါအေငလန ဘက်ကနေ ရိုက်ခဲ့တယ်။ ပရိသတ်တွေရဲ့ အားပေး မှု ရခဲ့တယ်။ တစ်ခုရှိတာက အခု ဒုတိယ ဇာတ်ကားကတော့ တာဝန် ပိုကြီးလာပြီးပေါ့။ ပထမဇာတ်ကားထက် ပိုသာတဲ့သရုပ်ဆောင် မှုတွေ ကိုပရိသတ်တွေကို ပြသရမှာပါ” လို့ လိုင်လာခမ်းကဆိုပါတယ်။ ‘ရာဇဝင်ရိုင်း ကြသူများ’ရဲ့ ဇာတ်လမ်းကျော ရိုးနဲ့ ဇာတ် လမ်းတည်ဆောက်မှုပုံစံ ကိုတော့ အခုအချိန် မှာ အနည်းငယ်ေ စာနေသေးတဲ့အတွက် ရိုက်ကူးမှု စတင်ခါနီးမှ ထုတ်ဖော်ပြောပါ့မယ် လို့ လိုင်လာခမ်းက ဆက်ပြောပြပါတယ်။

“ပရိသတ်တွေကို ကတိပေးနိုင်တာ တစ်ခု က တိုက်ဆိုင်မှုရှိလျှင်ဇာတ်ကားမှာ သရုပ် ဆောင်ခဲ့တဲ့ အန်ဂျလာဇာတ်ရုပ်နဲ့ အခု ဇာတ်ရုပ်နဲ့ကွာခြားပါ မယ်။အဲဒါ ကြောင့် ပရိသတ်တွေကို ထပ်မံပုံဖော် လာမယ့် အနုပညာအပေါ်ကိုလည်း အားပေး ပါဦးလို့ ပြောချင်ပါတယ်” လို့လိုင်လာခမ်းကပြောပြ ခဲ့ပါတယ်။

Popular Journal , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment