Pages

Wednesday, January 21, 2015

MFF ရှုံးထွက်ဖလားကို အောင်ဆန်းဒိုင်းလို့ အမည်ပြောင်း

RangonNewsDaily:: January . 21 .2015
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၁၅ MFF ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲကို အောင်ဆန်းဒိုင်းအဖြစ် ပြောင်းလဲကျင်းပမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးဇော်မင်းထိုက်က ပြောပါတယ်။
MFF ဖလားကို မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းတွေနဲ့ မြန်မာနေရှင်နယ်လိဂ် -၂ ပြိုင်ပွဲဝင်အသင်းတွေ ယှဉ်ပြိုင်ကြတဲ့ပွဲ ဖြစ်ပါတယ်။

“၂၀၁၅ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်နဲ့ တိုက်ဆိုင်နေလို့ ဂုဏ်ပြုတဲ့အနေနဲ့ အောင်ဆန်းဒိုင်းလို့ အမည်ပြောင်း ကျင်းပတာပါ။ အဲဒီအမည်နဲ့ မြန်မာနေရှင်နယ်လိဂ် မတိုင်ခင် အပျော်တမ်းလိဂ်ကတည်းက ကျင်းပခဲ့တဲ့ အစဉ်အလာရှိခဲ့ပါတယ်” လို့ ဦးဇော်မင်းထိုက်က ရှင်းပြပါတယ်။

၂၀၁၄ ခုနှစ် MFF ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲကို ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ အူရီဒူးရဲ့ ထောက်ပံ့ပေးမှုနဲ့ ကျင်းပခဲ့တာဖြစ်ပြီး ဧရာဝတီ ယူနိုက်တက်အသင်းက ဗိုလ်စွဲထားပါတယ်။

၂၀၁၅ အတွက်တော့ ထောက်ပံ့ပေးမယ့် ကုမ္ပဏီ ရှာဖွေနေဆဲဖြစ်တယ်လို့ MFF က ထုတ်ပြန်ထားပါတယ်။
ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲကို၂၀၁၀ ခုနှစ်ကမှ စတင်ကျင်းပတာဖြစ်ပြီး ပထမဆုံး အကြိမ် ကျင်းပတဲ့ ပြိုင်ပွဲမှာ ဟံသာဝတီ ယူနိုက်တက်အသင်းက ဗိုလ်စွဲခဲ့ပါတယ်။

The Voice  , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment