Pages

Saturday, January 17, 2015

IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟု ယူဆရသည့် စာတန်းကပ်ယာဉ်အား စစ်ဆေးရာ ဘာသာရေးစာသားကို သက်ဝင်ယုံကြည်၍ ကပ်ထားခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်ထွက်ပေါ်

RangonNewsDaily:: January . 17 .2015
တာမွေမြို့နယ်တွင်း IS အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟုယူဆသည့် စာတန်းကပ်ထားသောယာဉ်အား ဖမ်းဆီးစစ်ဆေးရာ ဘာသာရေးစာသားကို သက်ဝင်ယုံကြည်၍ ကပ်ထားခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိဟု ကနဦးစစ်ဆေးချက် ထွက်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၁၅ ရက်တွင် စုံစမ်းသိရသည်။
ဇန်နဝါရီ ၁၄ ရက်တွင် လူမှုကွန်ရက်စာမျက်နှာများ၌ IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟုယူဆရသည့်စာတန်းကို ယာဉ်တွင်တပ်ဆင်ကာ သွားလာနေသည့်ပုံများ ပျံ့နှံ့ပြီးနောက်တွင် ရဲတပ်ဖွဲ့မှ ယာဉ်ပိုင်ရှင်၏ အိမ်လိပ်စာအား စုံစမ်းစစ်ဆေးပြီး ယင်းနေ့ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်အား ရဲတပ်ဖွဲ့မှစစ်ဆေးရာတွင် ယာဉ်နံပါတ်ပြားမကျသေးဘဲ မောင်းနှင်ခြင်း၊ စတစ်ကာကပ်မောင်းနှင်ခြင်းတို့အား စစ်ဆေးတွေ့ရှိရသဖြင့် 4I-1056 Toyota Wish အနက်ရောင်ယာဉ်ပိုင်ရှင်ဖြစ်သူ ချစ်ကိုကို (၃၈) နှစ် (ဘ) ဦးမာမွတ်၊ ကြက်/ဘဲ ရောင်းဝယ်ရေး တိုက် (၄) လေးလွှာ၊ ၁၅၉ လမ်း တာမွေကြီး (က+ဂ) ရပ်ကွက်နေသူအား ၁၉၆၄ မော်တော်ယာဉ်နည်းဥပဒေပုဒ်မ ၃/ ၆၄ (ယာဉ်မှတ်ပုံတင်မပါ)၊ နည်း ၂၄ (စတေကာကပ်)၊ သတ်မှတ် နံပါတ်ပြားမဟုတ်ဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရေးယူထားကြောင်း သိရသည်။
::
ထို့နောက် ယာဉ်ပေါ်တွင်ကပ်ထားသည့် စာတန်း၏ အသံထွက်အား အာရဗီဘာသာကျွမ်းကျင်သူ ဦးမဂျစ်အားခေါ်ယူပြီး ဘာသာပြန်ဆိုခဲ့ရာ“လာအေလာ၊ အစ်လာလာ၊ မိုဟာမက်ဒို၊ ရက်ဆိုလိုလား”ဖြစ်ပြီး အဓိပ္ပာယ်မှာ “အလ္လာမ်ရှင်မြတ်မှတစ်ပါး အခြားခဝပ် ကိုးကွယ်ထိုက်သော အရှင်မရှိ၊ မိုဟာမက်သခင် စလ္လာမ်သည် အလ္လာမ်ရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူ”ဟုဖြစ်ကြောင်း ဘာသာရေးစာသားအနေဖြင့် သက်ဝင်ယုံကြည်၍ တပ်ခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မပါကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်များအရ သိရသည်။

“အဲဒီယာဉ်ပိုင်ရှင်ရဲ့ညီက ဆော်ဒီအာရေးဗျကနေ ဘုရားဖူးပြန်လာတော့ အဲဒီစာသားစတစ်ကာကို လက်ဆောင်ပေးခဲ့လို့ ကားမှာကပ်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုပါတယ်။
::
ဒီစာသားကိုတော့ ဖြုတ်လိုက်ပါပြီ။ ဒါနဲ့ပတ်သက်ပြီးတော့ ယာဉ်ပိုင်ရှင်က ဘာသာရေးစာသားကို သက်ဝင်ယုံကြည်လို့ ကပ်ထားခြင်းဖြစ်ပြီး ဘာရည်ရွယ်ချက်မှမရှိဘူးလို့ ထွက်ဆိုတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့အနေနဲ့ အသေးစိတ်ကိုတော့ ရဲမှူးတစ်ဦးနဲ့ ဒုရဲမှူး တစ်ဦးတို့က ဦးဆောင်ပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်နေပါတယ်”ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ထွေးက ဇန် နဝါရီ ၁၅ ရက်တွင် ပြောကြားသည်။

ထို့အပြင် ဘုရားဖူးပြန်လာသည့်ညီဖြစ်သူက ပေးထားသည့် အာရဗီဘာသာဖြင့် ရွှေရောင်စာလုံးပါစာအား အိမ်၌ ကပ်ထားခဲ့ကြောင်း ကညနသို့ လိုင်စင်သွားရောက်ပြုလုပ်စဉ် အဆိုပါစတစ်ကာအား ကပ်လျက်ပင် စစ်ဆေးခံခဲ့ကြောင်း သိရသည်။
::
အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က“အဲဒီယာဉ်က သတ်မှတ်ထားတဲ့ ဖောင်းကြွနံပါတ်ပြားကိုလည်း မတပ်ဆင်ထားဘူး။ စတစ်ကာကိုလည်း တရားမဝင်တပ်ထားတယ်။ နောက်ပြီး ယာဉ်က မှတ်ပုံတင်ယူနေဆဲမှာပဲ မောင်းနှင်တဲ့အတွက်ကြောင့် သတ်မှတ်ဥပဒေတွေနဲ့ အမှုဖွင့်အရေးယူထားတယ်။ ယာဉ်မောင်းကိုတော့ ခံဝန်ရေးထိုးခိုင်းပြီး ယာဉ်နဲ့အတူ ပြန်လွှတ်ထားပါတယ်”ဟု ဆိုသည်။
::
တာမွေမြို့မရဲစခန်းက တပ်ဖွဲ့မှူးရဲမှူး ခင်မောင်မြက“ကျွန်တော်တို့ နယ်မြေရဲစခန်းအနေနဲ့ ဒီဖြစ်စဉ်ကို အရေးယူထားခြင်း မရှိပါဘူး။ ယာဉ်ထိန်းကပဲ အရေးယူဆောင်ရွက်နေပါတယ်”ဟု ပြောကြားသည်။

Eleven Media ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment