Pages

Saturday, January 17, 2015

ကလေးငယ် တစ်ဦးအား သတ်ဖြတ်သည့် မြန်မာအမျိုးသမီး ဟုဆိုသူအား ဆော်ဒီတွင် သေဒဏ်ပေး


RangonNewsDaily:: January . 17 .2015
ကလေးငယ် တစ်ဦးကို သတ် ဖြတ်သူ မြန်မာ အမျိုးသမီးတစ်ဦး အား ဆော်ဒီတွင် ခေါင်းဖြတ်ကွပ် မျက်လိုက်ကြောင်း အေအက်ဖ်ပီ သတင်း တစ်ပုဒ်အရ သိရသည်။
ယခင်က မြန်မာ အမည်နှင့် မြန်မာနိုင်ငံသား အဖြစ် ခံယူထား သည်ဟုဆိုသူ ”လိုင်လာဘင့်အဗ္ဗ ဒူလ်မူတာလက်ဘ်ဘက်ဆင်” သည် သူ၏ လင်ပါသမီး အသက် ၆ နှစ် အရွယ်ရှိ ”ကာလ်သွမ်ဘင့် အဗ္ဗဒူလ်ရာမန်ဘင်ဂူလမ် ဂါဒီယာ” အမည်ရှိ ကလေးငယ် ကို သတ် ဖြတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ သေဒဏ် အပြစ်ပေးရခြင်း ဖြစ် သည် ဟု ဆော်ဒီပြည်ထဲရေး ဝန် ကြီးဌာနက ဆိုကြောင်း နိုင်ငံပိုင် ဆော်ဒီ သတင်းအေဂျင်စီ က ရေး သားထားသည်။

အသတ်ခံရသူ ကလေးငယ် မှာလည်း မြန်မာနိုင်ငံသားပင် ဖြစ်ပြီး မသေဆုံးမီတွင် တံမြက်စည်းရိုးဖြင့်လည်း မုဒိမ်းကျင့် ရိုက်နှက်နှိပ်စက်ခြင်း ခံခဲ့ ရသေး ကြောင်း ပြည် ထဲရေး ဝန်ကြီးဌာန က ဆိုထားသည်။
::
ရီယာ့ဒ်ရှိ မြန်မာ သံရုံးအနေ ဖြင့်မူ လိုင်လာ၏ နိုင်ငံကူးလက် မှတ်ကို မကြည့်ရပါဘဲနှင့် မိမိတို့ မြန်မာနိုင်ငံ သားဖြစ်ကြောင်း အ တည်မပြုပေးနိုင်ဟု ပြောပါသည်။

မုဒိမ်းမှု၊ လူသတ်မှု၊ ပုန်ကန် မှု၊ လက်နက် ကိုင်ဆောင်လုယက် မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု တို့ကို ဆော်ဒီအာ ရေဗျတွင် သေဒဏ် အပြစ်ပေးရာ ၂ဝ၁၃ ခုနှစ် တွင် ၇၈ ဦးနှင့် ၂ဝ၁၄ ခုနှစ်တွင် ၈၇ ဦး သေ ဒဏ်ပေးခဲ့ကြောင်း အေအက်ဖ်ပီ သတင်း ဌာန၏ မှတ်တမ်းအရ သိရသည်။
::
အီရန်နှင့် အီရတ်ပြီးလျှင် ဆော်ဒီသည် သေဒဏ် အပြစ်ပေး မှု အများဆုံးဖြစ်ပြီး သေဒဏ် အပြစ်ပေးသည့် ကမ္ဘာ့နိုင်ငံများ စာရင်းတွင် တတိယနေရာ ၌ ရှိ ကြောင်း နိုင်ငံ တကာ လူ့အခွင့် အရေး အဖွဲ့ကြီး၏ အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။
::
ယခု လူသတ် တရားခံမှာ ၂ဝ၁၅ ခုနှစ်အတွင်း သေဒဏ်ပေး ရန်ရှိသည့် တရားခံ ၇ ဦးအနက် တစ်ဦး ဖြစ်ပြီး၊ မက္ကာမြို့တွင် သေ ဒဏ် စီရင်ခဲ့ခြင်း ဖြစ်ကြောင်း အေ အက်ဖ်ပီ သတင်းအရ သိရသည်။

Ref: Saudi says Myanmar female child-killer executed
Popular Myanmar ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment