Pages

Saturday, January 17, 2015

၁၆ နှစ်အောက်မဖတ်ရ - ---------

RangonNewsDaily:: January . 17 .2015
ပန်းခြံထဲ အတွဲတွေက
လှည်းတန်းမှာ ကြေငြာစာရွက်ဝေနေသလိုပဲ
ရန်ကုန်မှာ လူခြောက်သန်းကျော်အတွက်
ခုံတန်းတွေက နည်းလွန်းနေတယ်
( တကယ် . . . ! )

" သင်ဆရာ" မရှိတဲ့ စုံတွဲတွေနေထိုင်မှုသင်ခန်းစာဆိုတာ
"မြင်ဆရာ"နဲ့ လေ့လာရတာ

ချစ်သူနံဘေးကဝင်ထိုင်တော့
နှစ်ကိုယ်ကြား တစ်ထွာလောက်နေရာလွတ်တာ
ကမ္ဘာကြီးဂေဟစနစ်ပျက်တာထက်ပိုအရေးကြီးတယ်

သရီးဒီရုပ်ရှင်ကြည့်နေရသလို
အားလုံးဟာ ကိုယ်စီပိတ်ကားတွေနဲ့
ကိုယ်စီဇာတ်လမ်းတွေနဲ့

အရှေ့တစ်တွဲက ထီးနှစ်ချောင်း တံခါးပိတ်ပြီး
အရေးကြီးကိစ္စဒူးတိုက်ဆွေးနွေးတုန်း

ဘေးအတွဲက
အပင်ပေါ်က ဘာကောင်မှန်းမသိပြုတ်ကျလို့တဲ့
ဟိုရှာ ဒီရှာလုပ်နေတယ်
မျက်စောင်းထိုးအတွဲက ငြိမ်လို့တော်သေးတယ်

ကော်နက်ရှင်မကျပဲ you tube ကြည့်နေရသလို
ရှင်းရှင်းလင်းလင်း ငြိမ်ငြိမ်သက်သက်နဲ့ . . . ။

ကိုယ့်နံဘေးက ချစ်သူကျ ကျောက်ရုပ်
ဝယ်လာတဲ့ မုန့်ထုပ်က
ဈေးဆိုင်နှစ်ဆိုင်စာ . . . .
ခါးလေးဖက်တော့ ယားတတ်တယ်တဲ့
ပါးလေးကပ်တော့ မဆိုးနဲ့တဲ့
နူတ်ခမ်းလေးချိန်တော့ စိတ်ကောက်မှာနော်တဲ့
အော် ဘွ...ဘွ

မဲပေါက်ပြီး ထုတ်လို့မရတဲ့ကဒ်ပြားလို
ဖနောင့်နဲ့ ချေပစ်ရမဲ့အဖြစ်

ရေသောက်မယ်
မုန့်စားမယ်
ဓာတ်ပုံရိုက်မယ်တဲ့
ဘေးအတွဲတွေသာ
ဇာတ်လမ်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်ချိန်းသွားတယ်
ကျနော့်ချစ်သူ မုန့်ဆိုင်ကရောင်းကောင်းတုန်း

နေမပူပဲ ဆောင်းထားတဲ့ထီးကို အားနာလာတယ်
တွေးထားတဲ့ အကြံအစည်တွေကို
အမျှဝေလိုက်တယ်

ပုခုံးလေးကို မှီ
ကိုကို ပုံပြင်ပြောပြနော် ... တဲ့
အကွက်ဝင်ပြီး ခိုးနမ်းမယ်အလုပ်
သနပ်ခါးပျက်သွားရင် သူငယ်ချင်းတွေစ'လိမ့်မယ် တဲ့

မောင်ကံဆိုး ကျတော့်ဖြစ်ပုံက အဲသလို ... frown emoticon
ပန်းခြံကအထွက်
ဂိတ်စောင့်ဦးလေးကြီးက ကိုယ့်ကိုအသာပြုံးတယ်
အော် ... ဦးရယ်
အထင်မကြီးပါနဲ့ တွဲထားတဲ့လက်ဆိုတာ အမြင့်ဆုံးဆုမှန်း
ကိုယ့်ဝမ်းနာကိုယ်သာသိပါတယ် . . . . . ။

Ulay Kyi ( ကိုလင်း ) 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment