Pages

Saturday, January 17, 2015

သောက်သုံးရန်မသင့်သော ရေသန့်တံဆိပ်များ ရက်ပိုင်းအတွင်း ထုတ်ပြန်မည်


RangonNewsDaily:: January . 17 .2015
သောက်သုံးရန် မသင့်သော ရေသန့်အမျိုးအစားများကို ကုမ္ပဏီတံဆိပ်နှင့်တကွ ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ သတင်းရရှိသည်။

မကြာသေးမီက ဆေးဘက်ဆိုင်ရာသုတေသနတစ်ခုတွင် ဖော်ပြထားသော သောက်သုံးရန် မသင့်သည့် ရေသန့်တံဆိပ် ၂၂ မျိုးကို FDA က ကုမ္ပဏီတံဆိပ်နှင့်တကွ ဖော်ပြရန် ငြင်းဆန်ခဲ့ပြီး အဆိုပါသုတေသနမှာလည်း တရားဝင်မဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။

‘‘ကုမ္ပဏီနာမည်တွေကို ထုတ်မပြောနိုင်ဘူးဆိုတုန်းကလည်း သုတေသနအဆင့်မှာပဲရှိသေးတော့ သုတေသနကျင့်ဝတ်အရ ထုတ်ပြောလို့မရတာပါ။ အခုစစ်ဆေးရသမျှတွေကို ထုတ်ပြန်ပေးသွားမယ်’’ဟု FDA မှ ညွှန် ကြားရေးမှူးဒေါက်တာထွန်းဇော်က ပြောသည်။ စားသောက်ကုန်နှင့် ရေသန့်မှန်သမျှကို ကိုယ်တိုင်စစ်ဆေးပြီး အန္တရာယ်ရှိပါက တံဆိပ်၊ ကုမ္ပဏီနာမည်နှင့် ထုတ်ပြောပေးနေကျဖြစ်ပြီး ယခုရက်ပိုင်းအတွင်းက စစ်ဆေးတွေ့ရှိထားသော သောက်သုံးရန်မသင့်သည့် ရေသန့်များကို နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ပေးသွားမည် ဟု ၎င်းကပြောသည်။

ဈေးကွက်အတွင်း ဖြန့်ဖြူးနေသော ရေသန့်ဗူးအချို့ကို တွေ့ရစဉ်

7Day Daily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment